တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀,၁၅၀ ကျော်ကျရှုံးခဲ့ဟုဆို

ပြည်သူ့ခုံခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်မှ တစ်နေ့လျှင်စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့ကြောင်း NUG ၏ ယာယီသမ္မတကြီး ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တရားဝင်ပြောကြားခဲ့သည်။

ယာယီသမ္မတကြီး၏ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ပြောကြားသည့်မိန့်ခွန်းအရ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၀,၁၅၀ ကျော်ကျရှုံးခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

” ကန်တော့နိုင်တဲ့သူ၊ ဖားနိုင်တဲ့သူတွေက ခေါင်းဆောင်ဖြစ်လာတာ။ တိုက်ခိုက်တဲ့ စွမ်းရည်နဲ့ ခေါင်းဆောင်ဖြစ်တာ မဟုတ်ဘူး၊ တပ်ကို ဘယ် လိုစီမံရမလဲတောင် သေချာမသိတာတွေ ရှိကြတယ်။ ဒါကြောင့်လည်း တကယ်တိုက်တဲ့အချိန်မှာ အတုံးအရုံးသေကြတာပေါ့”ဟု စစ်ကောင်စီထံမှထွက်ခွာလာပြီး CDM ပြုလုပ်ခဲ့သူ ဗိုလ်မှူးတစ်ဦးက သုံးသပ်ပြောသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းမှစ၍ စကစ အနေဖြင့် ယခင်ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ထပ်မံပေါ်ပေါက်လာသည့် တော် လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံအနှံ့တွင် စစ်မျက်နှာများ ဖွင့်လှစ်ထားရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှုစွမ်းရည်မှာ သိသိသာသာ ကျဆင်းလာကြောင်းလည်း CDM ပြုလုပ်လာသည့် စစ်သားများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ၊ ခမရ (၁၀၂) မှ ဗိုလ်ကြီးတစ်ဦးပါဝင်သော စစ်သား ခြောက်ဦးသည် လက်နက်ပို့ဆောင်ရာတွင် ပို့ဆောင်ရမည့်ဒေသကို ကျော်လွန်သွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်နှင့်တိုးကာ ဖမ်းဆီးခံလိုက်ရသည်၊

အဆိုပါဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် စစ်ဗိုလ်များသည် မြေပုံအညွှန်းကြည့်ရှုရန်ပင် အရည်အချင်း မပြည့်မီတော့ကြောင်း CDM ဗိုလ်မှူးက မှတ်ချက်ပြုသည်။

ထို့ကြောင့် လေ့ကျင့်ချိန်တစ်နှစ်နီးပါးသာရှိနေသည့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ခိုက်ရာတွင် အရေးမသာသဖြင့် ကျေးရွာများကို မီးရှို့ခြင်း၊ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းများကို ပြုလုပ်နေကြရကြောင်း ဆိုသည်။

“ PDF တွေရော၊ EAOs တွေရော၊ UG တွေရော တက်ညီလက်ညီနဲ့ တစ်ပြိုင်တည်းချမယ်ဆိုရင် ကျနော်တို့ပြောနေတဲ့ စစ်တပ်က အမြစ်ပြတ်တော့မယ့် အချိန်ကလည်း နီးလာပြီလို့ သေသေချာချာ ပြောရဲပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စစ်သားသေဆုံးမှုများပြားခြင်း၊ CDM ပြုလုပ်သည့်စစ်သားများနှင့် စစ်တပ်မှထွက် ပြေးသူများပြားလာသဖြင့် စစ်ကောင်စီတပ်သည် အင်အားပြုန်းတီးမှုများကို နေ့စဉ်ကြုံတွေ့နေသည့်အပြင် လူသစ်စုဆောင်းရန် ခက်ခဲမှုများလည်း ရှိလာနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးအဖွဲ့များသည် စစ်ကောင်စီကို စစ်ကိုင်း၊ မကွေး၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် ပြောက်ကျားစနစ်များ၊ ထိတွေ့တိုက်ပွဲများဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s