ထိုင်းနိုင်ငံသို့လာသည့် မြန်မာနိုင်ငံသားများကို လေဆိပ်တွင် ထိုင်းရဲက ငွေတောင်းခံမှုများရှိနေဟုဆို

ထိုင်းနိုင်ငံထဲသို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို ဘန်ကောက်မြို့Suvarna bhumi လေဆိပ်တွင် ထိုင်းရဲက လေယာဉ်ပေါ်မှဆင်း သည်နှင့်တစ်ပြိုင်နက် ပတ်စပို့စာအုပ်များ သိမ်းဆည်းကာ ငွေတောင်းခံမှုများကို ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံသား တစ်ဦးတို့မှ ပေါင်းပြီးကြံစည်ကြသည်ဟု ခရီးသည်များထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကို MAIလေကြောင်းလိုင်းဖြင့် ဘန်ကောက်လေဆိပ်ကို ရောက်ရှိလာသော လေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီး သည်အားလုံး ကြုံတွေ့ရပြီး ငွေမပေးနိုင်သူများကို အကြောင်းအမျိုးမျိုးပြပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်ကြသည်ဟုလည်း သိရသည်။

”ကျွန်တော် ၁၀ရက်နေ့က မြန်မာလေကြောင်း MAI စီးပြီးတော့လာတာ၊လေယာဉ်တံခါးဖွင့်တာနဲ့ ထိုင်းရဲ ခြောက်ယောက်လောက်ကလာပြီး ပတ်စပို့စာအုပ်တွေ အတင်းလိုက်သိမ်းတယ်၊ တကယ်ဆို လေယာဉ်ပေါ်ကနေဆင်းတာနဲ့ လဝက ဂိတ်ကိုဖြတ်ရမယ်၊ အဲဒီမှာ အထောက်အ ထားမခိုင်လုံရင် ပြန်ပို့ပေါ့၊ အခုက အဲဒီလိုမဟုတ်ဘူး၊ လေယာဉ်ပေါ်ကနေ ဆင်းတာနဲ့ လဝက ဂိတ်ကြားမှာ ရဲကနေ စာအုပ်တွေသိမ်းပြီးတော့ တစ်ယောက်ကို ဘတ်ငွေတစ်သောင်းစီ ပေါ်တင်တာင်းတာ၊ မပေးတဲ့သူကို ပြန်ပို့မယ်ဆိုတာပဲပြောတော့ အားလုံးပေးကြတယ်” ဟု ငွေပေးခဲ့ရသူတစ်ဦးက ပြောသည်။

အဆိုပါငွေတောင်းသည့်သူမှာ မြန်မာလူမျိုးတစ်ဦးမှ ဖုန်းဖြင့် ငွေတောင်း ဈေးညှိပေးခြင်းဖြစ်သည်ဟုလည်း သိရပြီး ထိုင်းရဲများက ၎င်းတို့ဖုန်းထဲတွင်ရှိသည့်ပုံနှင့် တိုက်ဆိုင်စစ်ဆေးပြီး သီးသန့်ခွဲခြားသည့်သူများလည်း ရှိသည်ဟု သိရသည်။

”ကျွန်တော့်ကို အင်္ကျီစဆွဲပြီးတော့ နံရံမှာကပ်ခိုင်းတယ်၊ ပြီးတော့ ပတ်စပို့စာအုပ်ကို လက်ထဲကနေအတင်းလုယူတယ်၊ ကျွန်တော်က အင်္ဂလိပ်လိုပြောတော့လည်း ပြန်မပြောဘူး၊ နောက်တော့ ကျွန်တော်ကို ဖုန်းထိုးပေးတယ်၊ အဲဒီထဲမှာ မြန်မာတစ်ယောက်က မင်းတို့ကိုအထောက် အထားမခိုင်လုံလို့ ဖမ်းမယ်တဲ့၊ ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ်၊ ငါ့မှာ အထောက်အထားလည်းစုံတယ်၊ SHOW MONEYလည်းပါတယ်၊ ပြောလိုက်တော့၊ အေးအဲဒါတော့မသိဘူး မင်းအခုချက်ချင်း မြန်မာပြည်မပြန်ချင်ရင်တော့ သူတို့ကို ဘတ်တစ်သောင်းပေးလိုက်တဲ့၊ ကျွန်တော်ကလည်း ငါတော့မပေးနိုင်ဘူးလို့ပြောလိုက်တယ်၊ နောက်ဆုံးတော့ အလုပ်မရှုပ်ချင်တာနဲ့ ဘတ်ငွေ ၇,၀၀၀ ပေးပြီးထွက်ခဲ့ရတယ်၊ တစ်ချို့ဆိုရင် နှစ်သောင်းတောင်ပေးခဲ့ရတဲ့သူတွေ ရှိတယ်”ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ အလည်ဗီဇာဖြင့် လာရောက်ပါက SHOW MONEY ပြသရပြီး၊ အထောက်အထားခိုင်လုံစွာ ပြသရကြောင်းနှင့် အ ထောက် အထားခိုင်လုံအောင် ပါရှိသည့်တိုင် လေဆိပ်တွင် ထိုင်းရဲအဖွဲ့မှ ငွေညှစ်တောင်းခံခြင်းများ ရှိနေသည်ဟုလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s