နေပြည်တော်တွင် အရပ်သားကို ရဲက ပစ်သတ်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦး ယမန်နေ့ စက်တင် ဘာ ၁၁ရက်နေ့ ည​နေ ​​၆နာရီဝန်းကျင်​လောက်က ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

“ပိုက်ဆံအိတ်ပျောက်လို့ သူ့ကို စွပ်စွဲတာ အဲ့ဒါ သူက နဂိုတည်းက လူရမ်းကားလေးဆိုတော့ ဓားကိုင်ပြီးသွားသောင်းကျန်းတာ၊ ဟိုက ရဲတိုင်လိုက်တာ အဲ့ဒါနဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးတော့ ရဲက နောက်ကလိုက်ပြီး ပစ်သတ်လိုက်တာ”ဟု အဆိုပါဖြစ်စဥ်အား သိရှိထားသူတစ်ဦးက ပြေ ာသည်။

နေပြည်တော်၊ ဧရာဝတီလမ်းမကြီး​ဘေးရှိ သာယာကုန်းရွာအနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး မိသားစုဝင်များမှာ ယ​နေ့စက်တင်ဘာ ၁၂ ရက်​ နေ့တွင် ​နေပြည်​တော် ကုတင် ၁,၀၀၀​ ဆေးရုံတွင် အလောင်းသွားထုတ်ပြီး နာ​ရေးပြုလုပ်လိုက်ကြောင်း သိရသည်။

“အရင်ကအမှု​တွဲ​တွေ အများကြီးပဲ၊ ရဲကလွှတ်​ပေးထားတာ၊ ဘာပဲဖြစ်ဖြစ် ​သေနတ်နဲ့ ပစ်သတ်တာက​တော့ မဖြစ်သင့်ဘူး”ဟု ​ဒေသခံတစ်ဦးက​ ပြောသည်။

အဆိုပါ အမျိုးသားတွင် ၎င်း၏ ဇနီးနှင့် အသက် နှစ်နှစ်​ကျော်အရွယ်ခန့်ရှိသည့် သားတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s