မတ္တရာ တိုက်ပွဲတွင် စစ်တပ်၏ လက်နက်ကြီးကျည် ပြန်ထိ၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ တကောင်း နှင့် ဝမ်းတွင်းတို့တွင် စစ်ကားများ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ မင်းကင်း မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် စစ်ကောင်စီတပ်သားများကို ပြန်လည် ထိမှန်၍ သေဆုံးမှု အပါအဝင် စစ်သား ၁၃ ဦးသေဆုံးကြောင်း၊ စစ်သား ၁၅ ဦးဒဏ်ရာရရှိကြောင်း PDF မဟာမိတ်တပ်များက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန် မတ္တရာမြို့နယ် ရှင်လှ ၊ အေးကျွန်း ၊ ရေလည်ကျွန်း ရွာများမှ စစ်ကောင်စီတပ်များနှင့် PDF မဟာမိတ်တပ်များ စတင်တိုက်ပွဲ ဖြစ်ပွားကြောင်း ၊ နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် PDF တပ်ရင်း ၁၅ ( Tiger King)က အဝေးပစ် လက်နက်ကြီးဖြင့် ၁၂ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နာရီဝက်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ဘက်တော်သား သူရဲကောင်းများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ၂ လုံးသည် စစ်တပ်အနားတွင် ပြန်ကျ၍ အထိအခိုက်အများအပြားရှိခဲ့ကြောင်း၊ PDF တပ်များ၏ ပူးပေါင်းတိုက် ခိုက်မှုကြောင့် သေဆုံးမှု စုစုပေါင်း ၁၃ ဦး သေဆုံးကြောင်း၊ စစ်သား ၁၅ ဦး ဒဏ်ရာ ရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ ( Tiger King) နှင့်အတူ ကောင်း ကင် တော်လှန်ရေးအင်အားစု မတ္တရာ၊ ရွှေဘို ခရိုင် တပ်ရင်း ၁၇ ( ဒေါင်းစစ် သည် )၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈၊ ဧရာဝတီညီအကို မတ္တရာအဖွဲ့ ၊ GZ Special Task Force၊ ဒေါင်းနီ အဖွဲ့၊ စစ်က်ိုင်းတပ်ရင်း (၂) တပ်ခွဲ ( ၁ ) ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၊ G Fatt အဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့မှ ထွက်ခွာလာသော စစ်ကားအသေး ၂ စီးကို မြို့အထွက် ဆင်ညှပ်ကုန်းရွာဝင်ပေါက်အနီးတွင် ပဒေသာမိုင်း ၆ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးမှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်ရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၅ နာရီ အချိန် ဗုံးများပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက်အစောကြီး ပေါက်ကွဲအသံကြားလိုက်ရတယ်။ စုံစမ်းကြည့်တော့ မြန်မာစီးပွားရေးဘဏ်မှာပေါက်ကွဲတာလို့သိရတယ်ဗျ။ ပျက်စီးတာကတော့ ရုံးအဆောက် အဦးတွေ အတွင်းပစ္စည်းအချို့ပျက်စီးနေတာတော့မြင်ခဲ့ရတယ်။လူအထိခိုက်လည်းမရှိဘူး” ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

PDF မင်းကင်းတပ်ရင်း၂က မြန်မာ့စီးပွားရေးဘဏ်ကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာမှ စစ်ကောင်စီဘက်တော်သား ပျူစောထီး မင်းဌေး ကို ယနေ့ နံနက် ၉ နာရီတွင် WTRF က သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီအချိန် နတ်နန်းကျေးရွာအနီးတွင် ပျူစောထီးမင်းဌေး အလောင်းလာကောက်သည့် စစ်ကားကို WTRF က ထပ်မံ မိုင်းဆွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း WTRF က သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s