မိုးဗြဲတွင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၄၀ ထက်မနည်း ပျက်စီး

ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်မှာ လက်နက်ကြီးတွေအပြင် တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက် ၃ ခုက လူနေအိမ် ၄၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင် အားစု (PKPF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက်ကနေ  ၁၁ ရက်အထိ ၄ ရက်ဆက်ဖြစ်ခဲ့တဲ့  တိုက်ပွဲတွေမှာတော့ နေအိမ် ၁၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၈ ရက်ကစတင်တဲ့ တိုက်ပွဲဟာ ၁၁ ရက်အထိ ဆက်ဖြစ်ပွားနေပြီး ဒီနေ့လည်း အခြေအနေအတွေ ဆက်လက်တင်းမာနေသလို မနေ့ညက ရှမ်းပြည်နယ်ပင်လောင်းဘက်က စစ်ကား ၁၅ စီး စစ်ကူလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

၄ ရက်ဆက်ဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၆၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းတွေလည်း ကရင်နီပူးပေါင်းတပ်တွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း ၂ ယောက်သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PK P F) က သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆမတန်ပစ်ခတ်နေတဲ့အပြင် လေကြောင်းပစ်ကူပါ သုံးပြီး တိုက်ခိုက်နေတာဖြစ်လို့ မြို့အနားက သွား လာတာမလုပ်ကြဖို့   ကရင်နီပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s