မုံရွာတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေပိဿာ ချိန် ၁၀ ကျော်ပါသွားဟုဆို

မုံရွာမြို့တွင် ယနေ့နံနက်ပိုင်းက၊ စစ်ကောင်စီကင်းစခန်းဂိတ်နှင့်ကိုက်နှစ်ရာခန့်အကွာရှိရွှေဆိုင်တစ်ခု၊ ဓားပြ တိုက်ခံလိုက်ရပြီး ရွှေပိဿာချိန်တစ်ဆယ်ကျော်ပါသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံကသိရ သည်။

ဓားပြတိုက်ခံလိုက်ရသည့်ရွှေဆိုင်သည် မြို့လယ်ခေါင်မိန်းလမ်းမကြီးပေါ်ဖွင့်ထားသည့်၊ သိန်းတရာရွှေဆိုင်ဟု သိရပြီး ဇာတ်လမ်းဆန်ဆန်ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ဇာတ်လမ်းဆန်ဆန်ဓားပြတိုက်သွားတာဗျ၊ မိုးတဖြောက်ဖြောက်နဲ့ဆိုတော့လူကလည်းရှင်းတယ်၊ ဆိုင်တံခါး တစ်ချပ်တည်းဖွင့်ထားတာကို လူတစ်ယောက်ကအရင်၀င်လာပြီး ရွှေ၀ယ်ချင်ယောင်ဆောင်တယ်၊ နောက်ကနေ သေနတ်နဲ့လေးယောက်က၀င်လာပြီး ဆိုင်၀န်ထမ်းတွေကို မြေမှာပြားပြား၀ပ်ခိုင်းပြီးဓားပြတိုက်သွားတာ” ဟု စစ်အုပ်စုသတင်းလွှင့်မှုအပေါ်ကိုးကား၍ ဒေသခံတစ်ဦးကပြောသည်။

ဓားပြများသည် အနက်ရောင်အိမ်စီးကား(Kluger)ဖြင့်ရောက်လာခြင်းဖြစ်ပြီး၊ ရွှေပိဿာချိန်တစ်ဆယ်ကျော်နှင့် ငွေသားများလုယူထွက်ပြေးကာ၊ မုံရွာအမှတ်(၁)အထက်တန်းကျောင်းအနီး ကားချင်းလဲပြီးဆက်လက်ထွက် ပြေးသွားကြောင်း စစ်အုပ်စုကသတင်းဖြန့်သည်။

“ကျောင်း၀န်းကျင်မှာ ၀ပ်ကင်းတွေရှိတယ်၊ အရပ်၀တ်နဲ့ကင်းလှည်နေတာတွေလည်းရှိတယ်၊ အဲဒီမှာ ကားချင်း လဲပြီး၊ မျက်ခြေဖျက်သွားတယ်ဆိုတဲ့သဘော သူတို့ကသတင်းဖြန့်ထားတာ ရယ်စရာကြီး၊ ဇာတ်လမ်းဆန်လွန်း တယ်၊ ဘီယာဆိုင်ဓားပြတိုက်ခံရတုန်းကဆိုရင် လူတွေအပြင်မထွက်ရဲအောင်တဒိုင်းဒိုင်းနဲ့သေနတ်ဖောက်တယ်၊ လူရှင်းချိန်မှာ ဓားပြတိုက်သွားတာ” ဟုလည်း၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့တွင် ရွှေဆိုင် စားသောက်ဆိုင် ဆိ်ုင်ကယ်အပိုပစ္စည်းအရောင်းဆိုင် စသည့်အရောင်းဆိုင်ခုနစ်ခုတို့ ဇာတ်လမ်းဆန်ဆန်ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s