မုံရွာမြို့နယ်အတွင်း Non CDM များ အမြန်ဆုံးအလင်းဝင်ကြရန် အမိန့်စာထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အမြန်ဆုံးအလင်းဝင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မုံရွာမြို့) မှ စက်တင်ဘာ ၁၁ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

“ကျနော်တို့ Non CDM တွေကို အလင်းဝင်ဖို့ပြောတာပါ၊ CDM လုပ်ဖို့ခေါ်ဖိတ်တာ မဟုတ်ပါဘူး၊ အလင်းဝင်လာခဲ့ရင် သူတို့ရဲ့လုံခြုံရေးအ တွက် ကူညီဆောင်ရွက်ပေးမယ်၊ တကယ်လို့ မဝင်လာဘူးဆိုရင်တော့ သူတို့ ကျူးလွန်တဲ့ လုပ်ရပ်တွေနဲ့ညီတဲ့ အပြစ်ဒဏ်ပေးတာတွေကို ဥပ ဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပအဖ (မုံရွာမြို့) တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မှ Non CDM များနှင့်ပတ်သက်သည့် ဒေသအမိန့်အား ရည်ညွှန်း၍ Non CDM ဝန်ထမ်းများ သိရှိလိုက်နာနိုင်စေရန် ယခုကဲ့သို့ အမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့အချိန်အထိ စစ်ကောင်စီ ယန္တရားလည်ပတ်ရန်အတွက် ဒေါက်တိုင်များအဖြစ် တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သော သက်ဆိုင်ရာ ဝန် ကြီးဌာနအသီးသီးရှိ Non CDM ဝန်ထမ်းများအနေဖြင့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ပဲ ရာထူးတာဝန်များမှ နုတ်ထွက် (အလင်းဝင်) ကြရန် အမိန့်ကြေညာချက်ဖြင့် အသိပေးကြောင်းဆိုသည်။

အမိန့်ကြေညာချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက Non CDM ဝန်ထမ်း များအား စစ်ကောင်စီ၏ ဒေါက်တိုင် (လက်ကိုင်တုတ်) များအဖြစ်သတ်မှတ်၍ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည့်အမိန့်တွင် သတိပေးထားသည်။

မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက် ၊ မူဝါဒများနှင့်အညီ ပြည်သူ့အုပ်ချုပ်ရေး ၊ ပြည်သူ့တရားစီရင်ရေး ကိစ္စရပ်များအပါအဝင် ပြည်သူများအကျိုးရှိစေမည့် အစိုးရယန္တရားအရပ်ရပ် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ Non CDM များနှင့် ပတ်သက်သည့် အမိန့်စာထုတ်ပြန်ချက်များအား စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး လုပ်ကိုင်ဆောင်ရွက်နေသော မြို့နယ်များတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပအဖ တာဝန်ရှိသူမှ ပြောဆိုသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့နယ် ၊ ကသာမြို့နယ်၊ ရွှေဘို မြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် Non CDM များ အလင်းဝင်ကြရန် အမိန့်စာများ ထုတ်ပြန်ထား ကြောင်းသိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s