မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ အများအပြား ထိခိုက်ဒဏ်ရာရ ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် ယာဉ်လမ်းကြောင်းတစ်ခုအတွက် မိုင်းရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ များပြားသည်ဟု Aung San Force မှ စက်တင်ဘာလ ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ် ၊ရေပိုးစားရွာနှင့် နတ်ရေကန်ရွာအကြားတွင် မိုင်းရှင်းလင်းရန်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ငါးလုံးတွဲပ ဒေသာ ၊ လေးလုံးတွဲပဒေသာ ပွိုင့်နှစ်ပွိုင့်ဖြင့် စက်တင်ဘာလ ၈ရက် နံနက် ၁၀ နာရီ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မုံရွာ-မန္တလေးလမ်းပိုင်း ရေပိုးစားရွာနဲ့ နတ်ရေကန်ရွာအကြားမှာ ဖြစ်ခဲ့တာပါ၊ မိုင်းဆွဲပြီးပြီးချင်း ခဏနေတော့ ကားတွေနဲ့ လာရောက်သယ် ဆောင်ပြီး ချောင်းဦးဘက်ကို သယ်သွားခဲ့တာဗျ” ဟု Aung San Force မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သူများပြားသော်လည်း သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှ စီစဉ်နေရာချထားသည့် လေးလုံးတွဲပဒေသာပွိုင့် သုံးပွိုင့်ကို စစ်ကောင်စီတပ်များ ရှာဖွေတွေ့ရှိသွားခြင်းကြောင့် ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို Aung San Force – ASF နှင့်အတူ မဟာမိတ်ညီနောင်များဖြစ်သည့် လျှပ်တစ်ပြက်စွန်ညို‌ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်နေတိုး (BN T)၊ ဗိုလ်တောက်ထွန်း(MBTT)၊ CRAတပ်ခွဲ(၂)၊B.C အထူးပြောက်ကျားတပ် နှင့် ONE PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂ရက်နေ့ ညနေ ၅နာရီ ၄၈ မိနစ်တွင်လည်း မြင်းမူမှထွက်လာသော စစ်သားများလိုက်ပါလာသည့် အံစာတုံးကားနှစ်စီးအား အဆိုပါ ရေပိုးစားကျေးရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင် Aung San Force မှ လေးလုံးတွဲ ပဒေသာမိုင်း နှစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s