လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲဖြစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ စက်တင်ဘာ ၁၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

KNLA တပ်ရင်း ၂၇ ၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၁ လုံခြုံရေးတာဝန်ယူထားတဲ့ လေးကေ့ကော်မြို့သစ် ရပ်ကွက် ၆ မှာ  နယ်မြေကျူးကျော်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မနေ့ည ၈ နာရီခွဲလောက်ကနေ ၁၀ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲတွင်းစစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေတစုံရာ ထိခိုက်မှု မရှိခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှု အရေအတွက်ကိုလည်း မသိရသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် အခုမနက်အစောပိုင်းမှာလည်း မြဝတီ – ဝေါလေ ကားလမ်းမပေါ်က ကျော်ဝါးဘိုးကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကော်ဘရာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တွေကို မနက် ၁ နာရီလောက်ကနေ ၃ နာရီလောက်ထိ ၁ ကြိမ်၊ ၉ နာရီလောက်ကနေ ၁၁ နာရီခွဲလောက်ထိ ၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့် အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား(ကရင်နီ) ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တ နင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက် ပွဲတွေနေ့စဉ်ပြင်းထန် ဖြစ်ပွားနေတာပါ။ 

မနေ့က စက်တင်ဘာ ၁၁ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၅၀ လောက် သေဆုံးခဲ့တယ်လို့ အ မျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ  တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့  NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s