ကောလင်းမြို့‌နယ်၌ CDM ကျောင်းဆရာအ ပါအဝင် အမျိုးသား ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တောင်ပိုင်း အင်ပင်သာအုပ်စု ဇီးကုန်းကျေးရွာမှာ စက်တင်ဘာ ၁၂ ရက် ညနေက စစ်ကောင်စီတပ်တွေ စစ် ကြောင်းထိုးရောက်ရှိလာပြီး အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ Kawlin Info အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အသတ်ခံရသူ နှစ်ယောက်ကတော့ အသက် ၃၆ နှစ်အရွယ်ရှိ ကိုချမ်းသာနဲ့ အသက် ၃၀ အရွယ်ရှိ ကိုသိန်းဇော်တို့ဖြစ်ပြီး ကိုချမ်းသာဟာ CDM ကျောင်းဆရာတယောက် ဖြစ်ကာ အနောက်ဘက် မူးတိမ် သရက်ချဉ်ဇာတိဖြစ်တယ်။

Kawlin Info အဖွဲ့ တာဝန်ရှိသူက “ရွာတောင်ဘက်မှာ ညနေ ၃ နာရီက‌နေ ၄ နာရီလောက်ထိ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ သူတို့က လယ်တဲဘက်ကို  အသက် ၇၀ ဝန်းကျင်ရှိပြီး လေဖြတ်နေတဲ့ တဝမ်းကွဲအစ်မကို စောင့်ရှောက်ရင်း စစ်ဘေးရှောင်နေကြတာ။ အရင်ကလည်း တိုက်ပွဲဖြစ်ရင် အဲ့လိုရှောင်နေကျ။ အခုလည်းရှောင်နေတုန်းလာဖမ်းပြီး သတ်သွားတာ။”လို့ ပြောပါတယ်။

သေဆုံးသူ ကျောင်းဆရာ ကိုချမ်းသာရဲ့ ဇနီးဖြစ်ဖြစ်သူဟာလည်း CDM ကျောင်းဆရာမ တယောက် ဖြစ်ပြီး အသက် ၁၀ နှစ်အရွယ်သမီးကြီးနဲ့ အသက် ၅ နှစ်အရွယ် သားသမီး နှစ်ယောက် ရှိတယ်လို့ နီးစပ်သူတွေထံကသိရပါတယ် ။ 

တိုက်ပွဲဖြစ်ပွားချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာအတွင်း လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ပြီး ဒေသခံရွာသူ ရွာသားတွေကို ဖမ်း ဆီးသတ်ဖြတ်နေတာကြောင့်  ဒေသခံ ရွာသူ ရွာသားတွေ  စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s