ငါန်းဇွန်မြို့နယ်ပျူစောထီးခေါင်းဆောင်ဆိုသူနှင့်နောက်လိုက် ၅ ဦး အစည်းအဝေးလုပ်နေစဥ် ပစ်ခတ် ခံရ

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ဖောင်းကတောကျေးရွာနေ ပျူစောထီးခေါင်းဆောင်ကိုငမိုးနှင့် နောက်လိုက်ငါးဦးအား စက်တင်ဘာလ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့က သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်းအရ သွားရောက်ပစ်ခတ်ချိန်တွင် ပျူစောထီးခေါင်းဆောင်ကိုငမိုးနှင့် ၎င်း၏နောက်လိုက်ငါးဦးမှာ အစည်းဝေးလုပ်နေချိန် အလစ်အငိုက် ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သတင်းအရ ဝင်စီးတော့ သူတို့ကပြန်ပြီး ခုခံတယ် ။ ငမိုးကတော့ လွတ်သွားတယ်။ ကျန်တဲ့သူ့အပေါင်းအဖော်တွေက ပြန်ပြီးခုခံတယ် ။ ဓားနဲ့ပြန်ခုတ်ကြတယ်။ တူမီးတွေတော့ရှိတယ်။ ဒါပေမဲ့ သူတို့ပြန်ပစ်ဖို့ ပြင်ဆင်ချိန်မရလိုက်ဘူး”ဟု နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလစ်အငိုက် ဝင်ရောက်ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် ကိုငမိုး၏ နောက်လိုက်များဖြစ်သော ကိုလှဟန်၊ကိုနွဲ့ဆိုး၊ကိုအံ့ကျော်နှင့်ကိုလှဆန်း ဆိုသူတို့မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ လှဆန်း၏ဇနီးဖြစ်သူ မိပြုံးမှာ ဒဏ်ရာများကြောင့်ဆေးရုံတင်ထားရပြီး ပျူစောထီးခေါင်းဆောင် ငမိုးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

ယင်းလုပ်ဆောင်မှုကို နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊ Zarmani MMU၊ မြောင် တပ်ခွဲ၊မီးနဂါး NZN Revolution Force၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလ ၁၀ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှပြန်လာသော စစ်ကောင်စီဗိုလ်တစ်ဦးနှင့် နောက်လိုက်တစ်ဦးအား သေနက်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပွါးခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s