တောင်သာမြို့နယ် နန်းမြင့်တောင်စစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နန်းမြင့်တောင် စစ်ဆေးရေးဂိတ်အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦး ထိခိုက်ဒဏ်ရာရသည်ဟု Natogyi – PDF( NPDF) ထံက သိရသည်။

မြင်းခြံ-တောင်သာလမ်း၊ မထ္တီလာ-တောင်သာကားလမ်းမပေါ်ရှိ စစ်ကောင်စီ၏ နန်းမြင့်တောင် စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ မြင်းခြံစစ်တပ်ထဲ ခေါ်သွားတယ်လို့သိရတယ်။ အဲဒီဂိတ်မှာ စစ်သား ၁၅ယောက်ဝန်းကျင်က စောင့်ပြီး စစ်ဆေးလေ့ရှိတယ်” ဟု NPDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမယ့် ( တတိယအကြိမ်) တောကျီးကန်းစစ်ဆင်ရေး”ဟု အမည်ပေးထားသည်ဟု ဆိုသည်။

Natogyi PDF သည် “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမယ့် (ဒုတိယအကြိမ်) တောကျီးကန်းစစ်ဆင်ရေး” အမည်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု Natogyi PDF က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s