ထားဝယ်မြို့နယ် ဇဟာရွာနှင့် မောင်မယ်ရှောင်ရွာအကြား စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

ရေး-ထားဝယ် ကားလမ်းပိုင်း ထားဝယ်မြို့အဝင်အနီး မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာအကြားမှာ ရေဖြူဘက်ကလာတဲ့ ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ DGRF က စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား အထိခိုက်အကျဆုံးရှိနိုင်ပြီး အတိအကျကို အတည်မပြုနိုင်ဘူးလို့ DGRF က ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်မယ်ရှောင် ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း စစ်ကောင်စီယာဉ်တန်းတွေ ၃ ကြိမ် ထက်မနည်း မိုင်းဆွဲခံခဲ့ရပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s