ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၀၀ ကျော်အရေး NUG အစိုးရ ဝင်ရောက်‌ဖြေရှင်းပေးခဲ့ပြီး ပြေလည်မှုအချို့ရရှိ

ထိုင်းနိုင်ငံတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၀၀ ကျော်အရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဝင်ရောက်‌ဖြေရှင်းပေးခဲ့ပြီး ‌ပြေလည်မှုအချို့ ရရှိ‌ခဲ့ကြောင်း NUG ၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

နခွန်ပထုန်ခရိုင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် MoU အလုပ်သမားများ ဝင်ရောက်လာမည်ဖြစ်၍ မြန်မာအလုပ်သမား ၂၂၇ ဦးကို အထည်ချုပ် စက်ရုံက အကြောင်းမဲ့ အလုပ် ထုတ်ပစ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း (AAC) အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့က ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက် နေ့တို့တွင် သွားရောက်‌ဖြေရှင်းခဲ့သည်ဟု ဆိုသည်။

စက်ရုံမှ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်သဖြင့် အလုပ်သမား ၁၆၇ ဦး အတွက် ၁၅ ရက်စာ လုပ်ခခံစားခွင့် စုစုပေါင်း ၅၅,၂၇၇ ဘတ် နှင့် လုပ်သက် ၁၂၀ ရက်ပြည့်သည့် အလုပ်သမားများ လုပ်သက် နစ်နာကြေးများ ခံစားခွင့်ရရှိနိုင်ရေး အတွက် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ အလုပ်သမားများအား တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် ရရှိရန် နခွန်ပထုန်ခရိုင် အလုပ် အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စက်ရုံမှ မကြာမီ အလုပ်ထုတ်ပယ်မည့် အလုပ်သမား ၆၀ ဦးအတွက် စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းရာ အလုပ်သမားများ၏ ဆန္ဒအရ အလုပ်နှုတ်ထွက် စာတင်၍ ရက်သတ္တပတ်အတွင်း တရားဝင် အလုပ်ပြောင်းရွှေ့ခွင့်ရရှိရေး အတွက် သဘောတူညီမှု ရရှိခဲ့သည်ဟု NUG ကဆိုသည်။

ယင်းအပြင် အလုပ်သမားများ အလုပ်အကိုင်အခက်ခဲများ ရှိပါက နခွန်ပထုန်ခရိုင် အလုပ်အကိုင်ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

NUG အနေဖြင့် အလုပ်သမားများအ‌ရေးနှင့် ပတ်သက်၍ ကူညီ ဆောင်ရွက်ပေးသည့် နခွန်ပထုန်ခရိုင် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်)၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် လူမှုဖူလုံရေးဌာန (ပကန်စခွန်) တို့မှ တာဝန်ရှိသူများ၊ ကိုရဲမင်း (AAC)အဖွဲ့နှင့် ဦးသက်ပိုင်မင်းတို့အား ကျေးဇူးအထူးတင်ရှိ‌ကြောင်း၊ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက် ရှိ မရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် Agency များအား အရေးယူမည်ဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s