မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး သိန်း ၃၈၀ အသုံးပြုထားဟု မီဇိုရမ်ပြည်ထဲရေးဝန် ကြီးဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် တွင်ခိုလှုံနေသော မြန်မာစစ်ရှောင်အများအတွက် ရူပီး သိန်း ၃၈၀ (ကျပ်သိန်း ၁၃,၀၀၀ခန့်) အသုံးပြုထားပြီးကြောင်း မီဇိုရမ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း ဗန်လိုင်းနီး နေ့စဉ်ထုတ်သတင်းစာတွင် စက်တင်ဘာ ၁၂ ရက် တွင်ဖော် ပြသည်။

စက်တင်ဘာ ၆ ရက်မှ ၈ နေ့အထိကျင်းပခဲ့သော မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင်း ပြည်ထဲရေးဝန်ကြီး Lalchamliana မှပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ဩဂုတ်လ ၂၀ ရက် နေ့အထိ မီဇိုရမ်သို့ ဝင်ရောက် ခိုလှုံလာသော မြန်မာစစ်ဘေးရှောင် ၂၉,၂၅၃ ဦးရှိပြီး ၎င်းတို့အတွက် ရူပီး သိန်း ၃၈၀ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

စစ်ဘေးရှောင်များအတွက် အဓိကထား အသုံးပြုခဲ့သောအရာများမှာ လျှပ်စီမီးရရှိရေး၊ ရေပေးဝေရေး၊ အမျိုးသမီးများအတွက် အသုံးအ ဆောင်ပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်ရေး၊ စားနပ်ရိက္ခာနှင့် မြန်မာနိုင်ငံမှထွက်ခွာလာသည့် လွှတ်တော်အမတ်များအားကူညီထောက်ပံ့ရေးများတွင် သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ ဝန်ကြီးပြောတဲ့လူဦးရေက ID လုပ်ထားတဲ့ လူစာရင်းကိုပြောတာ။ အဲဒီထဲမှာ စာရင်းထဲမှာ မပါသေးတဲ့ လူတွေက အများကြီးရှိသေးတယ်” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးကလည်း သုံးသပ်သည်။

မီဇိုရမ်ပြည်နယ် အစိုးရ၏ Hight Level Committee on Myanmar Refugees မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းဆုံးဖြတ်ချက်အရ စစ်ဘေးရှောင်များစနစ်တကျ စာရင်းရရှိနိုင်ရေး အသိမှတ်ပြု ကဒ်များထုတ်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်အများစုသည် စခန်း ၁၅၆ ခုတွင် နေထိုင်ကြပြီး အချို့သူများသည် ဆွေးမျိုးနီးစပ်သူများ၏ အိမ်တွင်နေထိုင်ကြကာ အချိုမှာ ကျေးရွာ၊ ရပ်ကွက်များတွင် အိမ်ငှား၍နေထိုင် လျက်ရှိကြောင်းသိရသည်။

မြန်မာစစ်ဘေးရှောင်များတွင် နေရပ်ပြန်သွားသူများရှိသကဲ့သို့ ထပ်မံဝင်ရောက်လာ သူများလည်း အချိန်နှင့်အမျှရှိနေသဖြင့် စာရင်းပြုစုသောလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်းဆိုသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ရှိပြီး ဒေသခံဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်များ၏ကူညီပံ့ပိုးမှုများဖြင့် ရပ်တည်နေထိုင်လျက်ရှိနေကြောင်း အကူအညီပေးရေး အဖွဲ့အစည်းများထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s