ရှန်ဟိုင်းပူးပေါင်းအဖွဲ့တွင် မြန်မာပါဝင်ရေး စဉ်းစားမည်ဟု ရုရှားပြော

တရုတ်နှင့် ရုရှားတို့ ဦးဆောင်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (SOC) တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် မြန်မာ၏ လျှောက် ထားမှုကို လာမည့်ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည်ဖြစ် ကြောင်း ရုရှားတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ယခုလ ၁၅ ရက်မှစ၍ နှစ်ရက်တာ ကျင်းပမည့် ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးအစည်းအဝေးတွင် မြန်မာ၏လျှောက်ထားမှုအပေါ် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ရုရှား သမ္မတ၏ SOC ရေးရာအထူးသံ Bakhtiyor Khakimov ကပြောဆိုသည်ဟု ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ယနေ့ (စက် တင်ဘာ ၁၃) ရေးသားသည်။

အဆိုပါ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှား သမ္မတပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့လည်း တက်ရောက်မည်ဟု သိရသည်။ ယူကရိန်းပဋိပက္ခနှင့် ထိုင်ဝမ် အကျပ်အတည်းကြောင့် အမေရိကန်နှင့် ရုရှား၊ အမေရိကန်နှင့် တ ရုတ်တို့ အကြား အခြေအနေတင်းမာ လျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်က ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာအာဏာ သိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတပူတင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး စစ်ရေးသာမက စီးပွားရေးအရပါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မည့်အလားအလာများရှိနေသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါအဖွဲ့တွင်ပါဝင်ရေး မည်သည့်အချိန်က မသိရသော်လည်း ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက တရုတ်နိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက SOC အဖွဲ့ အထွေထွေးအတွင်းရေးမှူး ကို သွားရောက်တွေ့ဆုံကာ ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်လိုကြောင်း တင်ပြခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ၂၀၁၉ ခုနှစ်က ခန့်အပ်ခြင်းခံရသူ ဦးမျိုးသန့်ဖေသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက မြန်မာနယ် စပ်ဖြစ်သော ကူမင်းမြို့ခရီးစဉ်အတွင်း ရုတ်တရက် ကွယ်လွန်ခဲ့သည်။

၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့်အတူ အာရှတိုက်အလယ်ပိုင်း နိုင်ငံများဖြစ်သော ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ ပါဝင်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s