မန္တလေးတွင် နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံရပြီး ခြောက်လုံးပြူး သေနတ် သိမ်းဆည်းရမိ၊ ရေဖြူတွင် PDF များကို စိန်ခေါ်သူ ကြံ့ဖွတ်ပါ တီဝင်နှင့် ပျူစောထီး သိန်းဇော် ပစ်ခတ်ခံရပြီး သေ ဆုံး

မန္တလေး ကန်တော်ကြီး ကန်ပတ်လမ်း အေးမြဘုရားအနီးရှိ အမှတ် ၁၀ ရဲစခန်းမှ နယ်ထိန်း ရခိုင်ကြီးကို MDY PDF ဗိုဘ်နက္ခတ် ဦးဆောင်သော အဖွဲ့မှ စက်တင်ဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော နယ်ထိန်း ရခိုင်ကြီးထံမှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၃၈၀ ပွိုင့်ကျည် ၁၂ တောင့်၊ အမျိုးသမီးယာဥ်မောင်းလိုင်စင်၊ စ ကားပြောစက် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ရုံးစာသုံးရွက်၊ နားကြပ် ၁ ခု၊ ရှုဆေးတစ်ဘူး၊ ဆိုင်ကယ် ၁ စီး၊ လက်ထိပ် ၂ ခု၊ ဖုန်းစာအုပ်နှင့်အချက်အလက်များ ရရှိခဲ့​ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ကျခတ္တပင်အင်းရွာလမ်းတွင် စက်တင်ဘာ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန် ကြံ့ဖွတ်ပါတီဝင် ပျူစော ထီး သိန်းဇော်(ခ) ညူးညူးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သိန်းဇော်(ခ)ညူးညူးသည် သဗြေဇွန်းရွာမှ ဖြစ်ပြီး ကြံဖွတ်ပါတီဝင်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းအချိန်မှစတင်၍ စစ်တပ် ၏ လက်ပါးစေပျူစောထီးဖွဲ့ဝင်တစ်ဦးဖြစ်လာကာ PDFဖွဲ့တို့ကို စိန်ခေါ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s