ရန်ကုန်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး ဆန္ဒပြ လူငယ်များ၊ သတင်းထောက် ၂ ဦး၊ အသက်မပြည့်သေးသူများ အပါအဝင် လူငယ် ၁၅ ဦးကျော်ကို စစ်တပ်က ပစ်ခတ် ဖမ်းဆီး

ရန်ကုန်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဆန္ဒပြ လူငယ် ၁၅ ဦးကျော်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်း ဆီး၊ အဖမ်းခံရသူများ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ရေဘဝဲ အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညနေ ၄ နာရီကျော်အချိန် ရန်ကုန်မြိုရှိ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ “UN Prove Your Existence For Justice” စာသားကိုကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ပြည်သူ့အစိုးရကိုယ်စ ားပြုဖြစ်ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြစဥ်အကြမ်းဖက်စစ်တပ်က အိမ်စီးကားများ၊အရပ်ဝတ်များဖြင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက် လက်ထားရှိရေး ဆန္ဒပြကြသည့် ရေဘဝဲ နှင့် မဟာ မိတ်အဖွဲအစည်းများမှရဲဘော် ၁၅ ဦးကျော်ကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများကိုအသုံးပြုကာ အရပ်ဝတ်များဖြင့် သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ကြသဖြင့် ရေဘဝဲ (ပြည်သူ့အကျိုး ပြု လူငယ်အဖွဲအစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)

Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက် ၊ ပညာနန်း တော်ကိုယ်ပိုင် ကျောင်း ကျောင်းသားများသမဂ္ဂ ၊Owl Community ၊ သ တင်း ထောက်များ အစရှိသောအဖွဲအစည်းအသီးသီးမှ အမျိုးသမီး၊အမျိုးသား များ၊ LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ စုစု ပေါင်း (၁၅) ယောက်ကျော် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အဖမ်းခံရသူများနှင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာသိုရောက်ရှိနေကြောင်းကိုမသိရကြောင်း၊ အဖွဲ့အစည်း အသီးသီးနှင့် မိသားစုဝင်များက အကြမ်းဖက်သူပုန်စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်ဆက်မှုများအပေါ် အသက်အန္တရယ်ထိခိုက်မှုရှိမည်ကို အထူးစိုးရိမ်နေလျက်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s