ရှမ်းပြည်တောင်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီစခန်း ၂ခုကို ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုက ၀င်တိုက်

ရှမ်းပြည်တောင်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီစခန်းနှစ်ခုကို ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုက ၀င်တိုက်ခဲ့‌ကြောင်း ညီ ညွတ်သောရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု (USSFU) က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို စက်တင် ဘာ ၁၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအား တပ်ပေါင်းစု၀င် ပြည်သူ့ကာကွယ်ရေးတပ်ရင်း လေးရင်းနှင့် PNDF (ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်) တို့မှ အကြမ်းဖက် စစ်‌ကောင်စီစခန်းနှစ်ခုကိုစစ်ကြောင်း လေးကြောင်းခွဲကာ ငါးရင်းတစ်ဗျူဟာပုံစံဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

နောင်ထောဝ်ဂိတ်စခန်းရှိ ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ကြီးတစ်ဦး စနိုက်ပါကျည် ထိမှန်သေဆုံးခဲ့ပြီး စနိုက်ပါတပ်စုလက်ချက်ဖြင့် စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ကာ စခန်းနှစ်ခုပေါင်းတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ နီးပါးခန့် သေဆုံးခဲ့‌ကြောင်း USSFU က ‌ဆိုသည်။

စခန်းနှစ်ခုကို သိမ်းပိုက်နိုင်‌သော်လည်း စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ‌ခြောက်ကြိမ်ဗုံးကြဲခဲ့ပြီး လက်နက်ကြီး ပစ်ကူများပေး ခြင်း၊ တပ်ပေါင်းစုဘက်မှ ကျည်အင်အား လုံလောက်မှု အားနည်းခြင်း၊ လက်နက်ကြီးမလုံလောက်ခြင်း၊ စစ်ကူလာရောက်သောPNOတပ်ဖွဲ့အား ဘုံရန်သူစစ်ကောင်စီ မဟုတ်ချင်းကြောင့် ထိပ်တိုက်ရင်ဆိုင်လိုခြင်းမရှိ၍ ပြန်လည်ဆုတ်ခွာပေးခဲ့သည်ဟု USSFU က ထုတ်ပြန်သည်။

PNO/PNA အနေဖြင့် နောင်တစ်ချိန်တွင်လည်း တိုင်းရင်းသားအားလုံး၏ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်အား နည်းအမျိုးမျိုးဖြင့် မိမိတို့တပ်ပေါင်းစုနှင့်အတူ ပြည်သူများဘက်မှ ရပ်တည်သွားမည်ဟုလည်း ယုံကြည်မိသည်ဟု USSFU က ဆိုသည်။

ယခုထိုးစစ်ဆင်မှုတွင် အမှတ် (1005)တပ်ရင်း၊အမှတ် (1008) တပ်ရင်း(SSRY)၊အမှတ် (1009) တပ်‌ရင်း(ယခင် အင်းလေးဒေသပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-IPDF)၊ NUGလက်အောက်ခံတပ်ရင်းတစ်ရင်း နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) စသည့်မဟာမိတ်တပ်ရင်းများ ပူးပေါင်းပြီး တိုက်ခိုက် ခြင်းဖြစ်သည်။

စစ်‌ကောင်စီစခန်း နှစ်ခုအား ဝင်ရောက်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ထိခိုက်ဒဏ်ရာ ကြီးကြီးမာမား ရရှိခြင်းမရှိသော်လည်း အမှတ် (၁၀၀၅) တပ်ရင်း၏ ၇၉ ဗုံးသီးလက်နက်ပျက်စီးဆုံးရှုံးခဲ့ပြီး ပစ်ခတ်သူ ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာနှင့် အခြား NU G လက်အောက်ခံ တပ်ရင်းမှရဲဘော်တစ်ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်ဟု USSFU က ထုတ်ပြန်သည်။

ရှမ်းပြည်‌တောင်ပိုင်းအနေဖြင့် အာဏာသိမ်းကတည်းက တော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြပြီး အခက်အခဲအမျိုးမျိုးကြောင့် အာဏာ ရှင်ကို တွန်းလှန်ရန် ကြန့်ကြာနေကြသော်လည်း တပ်ပေါင်းစုမှ ပထမဆုံး ရှမ်းတောင်ကို စတင်စစ်မျက်နှာပြင်ဖွင့်ခြင်းဖြစ်သည်ဟု USSFU က ထုတ်ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s