သမ္မတကြီး ‌ကြေညာချက်ထွက်လာပါက PDF များအသင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားရမည်ဟု NUG ပြည်ထဲရေးဝန်ကြီး‌ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလ၏ ကြေညာချက်ထွက်လာပါက PDF များအသင့်အနေအထားဖြစ်အောင် ပြင်ဆင်ထားရမည်ဟု NUG ပြည်ထဲရေးဝန်ကြီး‌ ဦးလွင်ကိုလတ်က ‌တပ်လှန့်ပြောကြားသည်။

” ပြီးခဲ့တဲ့နှစ် သမ္မတကြီး “အရေးပေါ်အခြေအနေ” ‌ကြေညာခဲ့ပြီးတစ်နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပြပျောက်ကြားတွေ ဆင်နွဲခဲ့တဲ့ ခုခံစစ်က မြပြ ကျေးလက် နဲ့ တောတောင်ကြားမှာ ထိတွေတိုက်ပွဲမျိုးစုံနဲ့ စစ်မျက်နှာစုံဖွင့် နိုင်ခဲ့ကြတယ်။ ဒီနှစ် သမ္မတကြီး ” ကြေ ညာပြီးရင်တော့ အားလုံး အသင့်အနေအထား ဖြစ်အောင် ပြင်ထားကြပေတော့”ဟု ဉီးလွင်ကိုလတ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယာယီသမ္မတကြီး ဒူဝါလရှီးလက မည်သည့်‌ကြေညာချက်ထုတ်ပြန်မည်ဆိုသည်ကိုမူ ဦးလွင်ကိုလတ်က ရေးသားထားခြင်းမရှိသေးပေ။

ယခုနှစ်တွင် စစ်ရေးအရှိန်ပို မြှင့်မည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို လက်နက်တပ်ဆင်ပေးနိုင်မှုမှာ ယခင်နှစ်ထက် ပိုမိုတပ်ဆင်ပေးနိုင်‌ကြောင်း ဦးလွင်ကိုလတ်က ဆိုသည်။

” ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ်” ဟု ပြည်ထဲရေး၀န်ကြီးက ‌ပြောသည်။

စိတ်ဓာတ်နှင့် တိုက်ခိုက်နိုင်သည့် စွမ်းရည်မှာ ပြည်သူ့တပ်မတော်ဘက်က အပြတ်အသတ်သာလွန်သည်ဟု ဦးလွင်ကိုလတ်က‌ ပြောသည်။

“တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာများလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသက်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်” ဟု ပြည်ထဲရေး၀န်ကြီးက ‌ပြောသည်။

တော်လှန်ရေးကို PDF တပ်ဖွဲ့၀င်များ၏ တိုက်ပွဲ၀င်စိတ်ဓာတ်များနှင့်အတူ ပြည်တော်ဝင်မည်ဖြစ်‌ကြောင်း ဉီးလွင်ကိုလတ်က ‌ပြောသည်။

“ပြည်သူ့လူထုရဲ့ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီး ရောင်းသမျှအကုန်ဝယ် နေကြတာကြည့်ရင် ပြည်သူမှာ “အောင်စိတ်” က အခိုင်အမာကို ရှိနေတယ်” ဟု ဦးလွင်ကိုလတ်က ရေးသားထားသည်။

NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (၇.၉.၂၀၂၁)မှ (၆.၉.၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်း အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှသေဆုံးသူ ၂၅၁၀၇ ဦး နှင့်

ထိခိုက်သူ ၈၀၂၃ ဦး အထိ ရှိခဲ့‌ကြောင်း၊အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာသည့်စစ်သား CDM နှင့် ရဲ CDM များလည်း နေ့စဉ်များပြားလာနေ‌ကြောင်း NUG က ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s