Monthly Archives: Sep 2022

ယင်းမာပင်တွင် တပ်ကြပ်ကြီး တစ်ဦး သေနတ် ၁ လက်ဖြင့် CDM ပြုလုပ်၊ PDF တပ်ဖွဲ့မှ သိန်း ၈၀ ချီးမြှင့်

ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး မင်းသူသည် ယင်းမာပင်မြို့နယ် တပ်ရင်း (၃) အမိမြေစစ်ကြောင်းထံ သေနတ် ၁ လက်ဖြင့် CDM လာရောက် ပြုလုပ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့မှ ငွေကျပ် သိန်း ၈၀ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း အမိမြေ- တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရသည်။

တပ်ကြပ်ကြီး မင်းသူသည် ပြည်သူများအပေါ် အကြမ်းဖက်ခြင်းများ ဆက်လက် မပြုလုပ်လို သောကြောင့် လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာကြောင်း၊ ယင်းမာပင်မြို့နယ် တပ်ရင်း (၃) အမိမြေစစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုခဲ့ကြောင်း၊ ဆုကြေးငွေအဖြစ် ကျပ် သိန်း (၈၀) ချီးမြင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ khit thit

ရေး-သံဖြူဇရပ်ကားလမ်း၌ YGF ပြောက် ကျားတပ်က နယ်မြေရှင်းလင်း၊ Mytel တာဝါတိုင် ဖျက်ဆီး

တင်္သာရီတိုင်း၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ၃၄၃၊ ၅၈၇၊ ၅၈၈၊ ၁၀၆ ရှိနေတဲ့ကြားမှာ ရေးပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တွေက စက်တင်ဘာ ၁၄ ရက် မနက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ရေး YGF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ရေး-သံဖြူဇရပ်ကားလမ်းက အာရှလမ်းမကြီးပေါ်ရှိ Mytel တာဝါတိုင်ကိုပါ ဖျက်ဆီးခဲ့သလို ခရီးသွားကားတွေ၊ မှန်တင်ထားတဲ့ ကားတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်မှုရှိမရှိ စစ်ဆေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းတယောက်က “လက်ရှိ ရေး-သံဖြူဇရပ် ကားလမ်းမှာ ကားတွေ ပုံမှန်သွားလာနေပေမဲ့ စစ်တပ်ဘက်က မလာရဲဘူး။ တပ်ရင်းထဲကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ဘယ်မှာကျလို့ ကျမှန်းမသိဘူး။ လောလောဆယ်ဆယ်တော့ ထိခိုက်မှုတွေ မကြားရသေးပါဘူး” လို့ ပြောပါတယ်။

အခုလို ကားလမ်းမမှာ PDF တွေ နယ်မြေစိုးမိုးထားတာမှန်ပေမဲ့ စစ်တပ်ဘက်က ပြန်ပြီး ပစ်တာခတ်တာ လုပ်လာလို့ရှိရင် ခရီးသွားကားတွေလည်း အန္တရာယ်ရှိသလို ပတ်ဝန်းကျင်က ရွာတွေလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့ရက်တွေက ရေးမြို့က လူနာတင်ကား  တစီး မိုင်းထိမှန်ခဲ့ပြီး ယာဉ်မောင်း တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေး-သံဖြူဇရပ်ကားလမ်းမှာ PDF တွေရဲ့ မကြာခဏ ခြုံခိုတိုက်ခိုက်တာခံရလေ့ရှိပြီး စစ်တပ်ဘက်က အထိအ ခိုက် အကျအဆုံး များပြားနေပါတယ်။ DVB

နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်သားများ အလောင်းပြန် မရဘဲ ရက် လည် တိုးတိုး တိတ်တိတ် လုပ်ခိုင်း၊ နာရေး ကြော် ငြာခွင့်မရှိ၊ ကုလားဖျင်းထိုးခွင့်မရှိဘဲ တပ်ထဲတွင် စုပေါင်း၍ ရက်လည် ဆွမ်းသွပ်ခိုင်း

ရခိုင်ပြည်နယ်တွင် AA နှင့် ဖြစ်ပွားသော တိုက်ပွဲများ အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော အရာရှိနှင့် စစ်သားများ၏ အလောင်းပြန်မရဘဲ နာရေးရက်လည် တိုးတိုးတိတ်တိတ်လုပ်နေရကြောင်း ဒေသခံများ၊ တပ်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

“တပ်ပြင်မှာနေတဲ့ မိသားစုတွေကတော့ နာရေး ရက်လည်ဆွမ်းသွပ်ကို သူတို့ မိဘဆွေမျိုးအိမ်တွေမှာ လုပ်လို့ရတယ်။ တပ်ထဲမှာနေတဲ့သူတွေကတော့ စု ပေါင်း နာရေး ရက်လည်ဆွမ်းသွပ်ကို အပြင်ဘုန်းကြီးကျောင်းတစ်ကျောင်း သို့မဟုတ် တပ်ဓမ္မာရုံလို နေရာမျိုးမှာ ဘုန်းကြီးတွေပင့်ပြီး နာရေးမိသားစုတွေအားလုံး စုပေါင်း တစ်ခါတည်း လုပ်ခိုင်းတယ်။ တပ်ထဲမှာတော့ နာရေးက ဗိုလ်တွေရော ရဲဘော်တွေအရမ်းများတဲ့အခါ တပ်ထဲမှာ တစ်အိမ်ကို နာရေးတစ်ခု အလုပ်မခံတော့ဘူး။ စုပေါင်း လုပ်ခိုင်းတယ်။ နာရေးကြော်ငြာ၊ ဝမ်းနည်း ကြေ ကွဲ ကြောင်း သတင်းစာမှာ ကြော်ငြာ ထည့်လို့မရဘူး။ လူမှုကွန်ရက် မတင်ရဘူး။ အဲဒီစည်းကမ်းချက်တွေလည်း ထုတ်ထားတယ်။ အိမ်မှာ ကျဆုံးတဲ့သူရဲ့ ဓာတ်ပုံလေးထောင်ပြီးထမင်းတွေ ဘာတွေ တင်ပေါ့။ အသုဘအိမ်လိုမျိုး နာရေးကုလားဖျင်းထိုးတာတွေကိုတော့ တပ်ထဲမှာ ပေးမလုပ်ဘူး” ဟု တပ်သ တင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသည့် ခမရ ၃၅၂ ဘူးသီးတောင်မှ တပ်ကြပ်ဖြိုးဝေအောင် အသက် ၄၂ နှစ် နာရေးဖိတ်စာတွင်လည်း အလောင်းပြန်မရသည့်အတွက် သဂြိုလ်သည့် အသုဘ မသာချမှု အခမ်းအနား မလုပ်နိုင်ဘဲ ပဲခူး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့နယ်၊ သရက်ကုန်းရပ်ကွက်တွင် ရက် လည် ဆွမ်းသွပ်တရားနာပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ ခလရ ၂၆၅ တပ်ဒုတပ်ရင်းမှူး အပါဝင် စစ်သားများ သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားကြသည့် အရာရှိနှင့်ရဲဘော်များမှာ-

၁-ဗိုလ်မှူးနိုင်ဝင်းအောင်

၂-တပ်ကြပ်တင်ဝင်း

၃-ဒုတပ်ကြပ်စိုင်းကော့မှူး

၄-ဒုတပ်ကြပ် ဇော်ဝင်းထွန်း

၅-ဒုတပ်ကြပ်ရဲကျော်သူ

၆-ဒုတပ်ကြပ်ကျော်ဇေယျ

၇-ဒုတပ်ကြပ်ခင်လှိုင် တို့ ဖြစ်ကြပြီး ၎င်းတို့အတွက် ရက်လည်ကို စက်တင်ဘာလ ၁၂ ရက်နေ့ ကော့သောင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် စုပေါင်း ရက်လည် ဆွမ်းသွပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ khit thit

မြို့ပြစစ်ဆင်ရေးအတွက် မြို့ပြဗျောက်ကမ်ပိန်းစတင်၊ ကန်ဒေါ်လာ ၃ သိန်းရရှိရန် မျှော် မှန်း

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးအ တွက် ရည်ရွယ်ပြုလုပ်တဲ့ “အရှိန်မြှင့်လို့နှစ်ဆလှူ မြို့ပြဗျောက်ကို ဝိုင်းလို့ကူ” ကမ်ပိန်းမှာ အားလုံးပါဝင်ထောက်ပံ့နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဗိုလ်အယ်ဆေးဝါး ဦးစီးတဲ့ LION Battalion ကွန်မန်ဒို အထူးတပ်ဖွဲ့အနေနဲ့ ပထမဆုံးပြုလုပ်တာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် ဒီကနေ့ကနေ လာမယ့် အောက်တိုဘာ ၁၅ ရက်အထိ တလအတွင်း ပါဝင်ထောက်ပံ့ကူညီနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ထောက်ပံ့လိုတဲ့ ပြည်သူတွေအနေနဲ့ ပြည်တွင်းကရော ပြည်ပနိုင်ငံတွေကပါ ငွေပေးချေမှုပုံစံ အမျိုးမျိုးနဲ့ ပါဝင်နိုင်မှာဖြစ်ကာ သက်ဆိုင် ရာနိုင်ငံတွေအလိုက် ဆက်သွယ်နိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက် အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေအတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက် ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေ ပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်သွယ်လှူဒါန်းရန်လင့်ခ်များ-

💥အရှိန်မြင့်လို့နှစ်ဆလှူ

မြို့ပြဗျောက်ကိုဝိုင်းလို့ကူ💥

ပြည်တွင်း/ပြည်ပ မှာရှိနေတဲ့သူတွေအနေနဲ့

Wave,K-pay,NUG pay,Thai Bank,Western Union

များဖြင့်လှူဒါန်းနိုင်သလို——

သက်ဆိုင်ရာနိုင်ငံများရှိ

Fundraising organization partner များဖြစ်သော

အောက်ပါ Link များမှဆက်သွယ်သွယ်လှူဒါန်းနိုင်မှာဖြစ်ပြီး

💢U.S.A🇺🇸

➖Thar Thar Fundraising

https://www.facebook.com/Thethtethmu95

💢Japan🇯🇵

➖Yaw Funding Japan

https://www.facebook.com/mk.ht.545

💢Macao🇲🇴

➖Macao Karen Friendship Association

https://www.facebook.com/profile.php?id=100080688784270

💢Thailand🇹🇭

➖KawTooLei Federal

https://www.facebook.com/profile.php?id=100079889028011

➖ကမ္ဘာမကြေရွှေညီကိုများအသင်း

https://www.facebook.com/ZinMin1824

💢Malaysia🇲🇾

➖Sawthiha Fundraising

https://www.facebook.com/sawthiha.tun.353

💢Domestic🇲🇲

-Supporting For Freedom-SFF

https://m.facebook.com/Supporting-For-Freedom-SFF-101113856079381/

အခြားသောနိုင်ငံများမှအလှူရှင်များလှူဒါန်းနိုင်ရန်နှင့်

အသေးစိတ်ချိတ်ဆက်မှူများအတွက် အောက်ပါ Link များမှတဆင့် ဆက်သွယ်မေမြန်းနိုင်ပါတယ်…..။

➖Lion Battalion Facebook page

https://www.facebook.com/LION-Battalion-Commando-Special-Force-103886462411426/

➖Saw Khant

https://www.facebook.com/profile.php?id=100082364195285

အလှူငွေများလှူဒါန်းပြီးသည့်အခါ

မြို့ပြ……. ဗျောက် Certificate များကိုပြန်လည်ပေးအပ်သွားပါမည်ဖြစ်ပါသည်…..။ DVB

တရက်တည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်သေ၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်

စက်တင်ဘာ ၁၄ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၂ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော် သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး တနှစ်တာကာလအတွင်း ခန့်မှန်း ခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေ အနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၄ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းဒေသကြီးမှာ ၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်း ထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေ ပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ပုလဲမြို့နယ် ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ် တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ ယနေ့ အထိ‌ ဖြစ် ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင် စီ တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၃၀ ဝန်း ကျင်ဒဏ်ရာရရှိကြောင်း ပုလဲမြို့နယ်အခြေစိုက် ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာက ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ၊ပုလဲမြို့မှ ထွက်ခွာ လာသော အင်အား ၁၈၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့နယ် ရွေလောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ညနေ ၅ နာရီအချိန်ခန့် ရွှေလောင်းကျေးရွာ အနောက်ဘက် ဒေသ အခေါ် မြသီတာဘုရားဘက်မှ မွေ့တုံကျေးရွာဖက်သို့ ထွက်အလာ PDF တပ်ပေါင်းစုက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းသည် သေ ဆုံး မှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ထို့နောက် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ဝေလီဝေလင်းအချိန် ရွှေလောင်းကျေးရွာမှ ထွက်လာပြီး မွေ့တုံကျေးရွာနှင့်မင်းရွာကျေးရွာကြားအတိုင်း မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ရန် ကြိုးစားသော စစ်ကောင်စီစစ်ကြောင်းသည် မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့လာပြီး မိုင်းထိမှန်ကြောင်း၊ ထိခိုက်မှုများသည့် အတွက် စစ် တပ်က ပြည်သူ့နေအိမ် ၁၂၇ လုံးကိုမီးရှိူ့ ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄နာရီ အချိန်တွင် ရွာသူရွာသားများနေအိမ်ကိုမီးရှို့ နေသော စစ်ကောင်စီတပ် သားများကို PDF တပ်ပေါင်းစုက အနီးကပ် ပစ်ခတ်တိုက်ခိုက်ကြကြောင်း၊ တို က်ပွဲ များ တွင် သေဆုံးသွားသော စစ်ကောင် စီတပ်သား များနှင့် ဒ ဏ် ရာ ရရှိသွားသော စစ်သားများကို တချို့ ရွှေလောင်း ရွာဖက်မှတဆင့်ပြန်ပို့ကာ တချို့ လူနာများကို မွေ့တုံရွာ ဘုန်း ကြီးကျောင်းထဲတွင် ဆေးကုသပေးခဲ့ကြပြီး ညအိပ်သွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် မွေ့တုံ ကျေးရွာမှ ထိုစစ် ကြောင်းသည် ယမားချောင်းကိုကူးကာ ယခုအချိန်ထိ မြိုင်မြို့နယ်ဘုန်းကြီးကန်ကျေးရွာ အနောက်တောင်ဖက် ဆည်တောရွာအနီးတွင်တပ်ဖြန့်ထားဆဲဖြစ် ကြောင်း သိရှိရသည်။

“စစ်ခွေး ၅ ကောင်သေပါတယ်။ ၃၀ ဝန်းကျင်လောက်ဒဏ်ရာရပါတယ်။ ၃ ရက်တာတိုက်ပွဲအတွင်းမှာပါ” ဟု ပုလဲ ကျားသစ်နက်တပ်ဖွဲ့မှ ကိုဥက္ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနက်နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့၊ ဗမာ့ဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊ M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် Localတပ်ဖွဲ့များ၊ ပုလဲတပ်ရင်း ၁ ၊ ၂ ၊၆ တို့က ပူးပေါင်းတိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၇၀ အ တွက် NUG က ၀င်ရောက်ဖြေရှင်း လျော်‌ ကြေးငွေ ဘတ် ငါးသန်းကျော်ရရှိ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်ရှိ အီလက်ထရွန်းနစ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၇၀ အတွက် NUG မှ ကြားဝင်ဖြေရှင်းပေးရာ လျော်‌ကြေးဘတ် ငါးသန်းကျော် ရရှိ‌ကြောင်း NUG ၏ အလုပ်သမား၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၂၇၀ ဦးသည် အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း အလုပ်သမားများမှ အကူညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံ၏ တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းကူညီနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့) မှ ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ သွားရောက် ‌ဖြေရှင်းခဲ့သည်။

‌ဖြေရှင်းရာတွင် အလုပ်လုပ်ထားသည့် လဝက်စာ လုပ်အားခအပြင် အလုပ်သမားများအား ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်သဖြင့် ၁၅ ရက်စာ လုပ်ခနှင့် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ၏ လုပ်သက်သည် ရက်ပေါင်း ၁၂၀ အထက် ဖြစ်သည့်အတွက် လုပ်သက်နစ်နာကြေး တစ်လစာ ခံစားခွင့် စုစုပေါင်း ဘတ် ငါးသန်းကျော်ရရှိခဲ့ခြင်းဟု သိရသည်။

ထို့အပြင် အဆိုပါအလုပ်သမားများအတွက် ပန်းရောင်ကတ် (ထိုင်းအစိုးရမှထုတ်ပေးသည့် အလုပ်သမားကဒ်) အထောက်အထားများရရှိရေး စက်တင်ဘာ ၂၀ ရက်တွင် စတင်‌ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း NUG အလုပ်သမား၀န်ကြီးဌာနက ထုတ်ပြန်သည်။

ပထုန်ဌာနီခရိုင် အလုပ်သမားဌာနနှင့် စက်ရုံမှချိတ်ဆက်ပေးသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သ မားများအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရေး စာရွက်စာတမ်း ကိစ္စများကို စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသို့ ဆက်သွယ်နိုင်သည်ဟုလည်း NUG က ထုတ်ပြန်ထားသည်။ mizzima

ပခုက္ကူ-GZ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင် ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့် ရှောက်ပေးနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ စက်တင်ဘာ ၁၄ ရက်က ဒေသခံပြည်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ PKU-GZ တပ်ဖွဲ့ကနေ သိရပါတယ်။

PKU-GZ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက “ပခုက္ကူမြို့နယ်ထဲက ကျေးရွာတရွာက ဒေသခံပြည်သူ ၅၀ လောက်ကို ကျနော်တို့တပ်ဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဆေးဝါးကုသတာတွေ ပြုလုပ်ပေးခဲ့တယ်”လို့ ပြောပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးအခက်ခဲတွေကို ဖြေရှင်းပေးချင်လို့ ဆေးဝါးပစ္စည်းတွေ ကျပ်သိန်း ၃၀ ဖိုးလောက်ဝယ်ယူပြီး တပ်တွင်းဆေးခန်းတခုကို ဖွင့်လှစ်ပေးထားကာ ကျေးရွာဘက်တွေကိုတော့ တပတ်ကိုတစ်ကြိမ် ကွင်းဆင်းကုသပေးနေပြီး နေမကောင်းဖြစ်တဲ့ ပြည်သူတွေ အဆိုပါ ဆေးခန်းမှာ လာရောက်ပြသနိုင်တယ်လို့ ဆိုပါတယ်။

ဗိုလ်တိုက်ဂါးက “ကျနော်တို့က အခုမှစတင်တာဆိုတော့ အခမဲ့ဆိုပေမဲ့ ဆေးခန်းမှာ အလှူခံပုံးလေးတော့ ထားပေးတယ်။ မိုးတွင်းကာလဆိုတော့ ခြင်ကိုက်တာတွေနဲ့ ရာသီဥတုဒဏ်ကြောင့် ဖျားနာတာတွေ၊ တုတ်ကွေးဖြစ်တာတွေနဲ့ ယားနာအဖုအပိမ့် ပေါက်တဲ့သူတွေ များပြားတယ်” လို့ ပြောပါတယ်။

ဆေးဝါးတွေနဲ့ မောင်းပြန်သေနတ်တွေ ဝယ်ယူနိုင်အောင် မိဘပြည်သူတွေအနေနဲ့ PKU-GZ တပ်ဖွဲ့ကို တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။ DVB

စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း စစ် တပ်နှင့် ကရင်နီပူးပေါင်းတပ်ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈၀ ကျော် သေ ဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်းရမိ၊ စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲရှိ နေအိမ် ၁၀၀ ခန့် ပျက်စီး

စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း မိုးဗြဲနှင့် ကရင်နီပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၈၅ ဦး ဝန်းကျင်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီတပ်မတော် KA၊ KNDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KRU၊ URF၊ နေပြည်တော် PDF၊ Karenni GZ ပူးပေါင်းတပ်ဖွဲ့ကြား စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀ ဝန်းကျင် သေဆုံးကြောင်း သိရှိရသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လက်နက်ငယ် ၁၃ လက်၊ လက်နက်ကြီးလက်နက်ငယ် ခဲယမ်းများ၊ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအ ဆောင် ပစ္စည်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ရှိ ကတ်သလစ်ဘုရားကျောင်းတွင် တပ်စွဲပြီး အနီးဝန်းကျင်သို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက် နက်ကြီးပစ်ကူများ ပစ်ခတ်ခြင်းကြောင့် အများပြည်သူပိုင် နေအိမ် ၁၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း၌လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်တွင် နန်းမယ်ခုံ၊ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ရာ စစ်သား ၃ ဦး သေ ဆုံးကြောင်း၊ မိုးဗြဲ-နန်းမယ်ခုံလမ်း၊ ဝီသဲကူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲခံရပြီး အရာရှိတစ်ဦဂအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု KNDF က ဆိုသည်။

ဖရူဆိုမြို့နယ်၊ ဒေါညေးခူတွင် စက်တင်ဘာလ ၁၁ ရက်နေ့လယ်၌ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း၊ ထီးသော်ကူးကျေးရွာအနီးရှိ စစ်တပ်စခန်းကို ဝင်တိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း KN D F က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးဗြဲမြို့သို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီးနှင့် နန်းမယ်ခုံကျေးရွာတို့တွင်လည်း အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ဖရူဆိုမြို့အခြေစိုက် တပ်စခန်းများမှ စစ်ကား ၂၀ ကျော်ပါ စစ်ယာဉ်တန်းဖြင့် ဒီးမော့ဆိုမြို့ဖက်သို့ တပ်အင်အားဖြည့်တင်းခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။khit thit

« Older Entries