စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း စစ် တပ်နှင့် ကရင်နီပူးပေါင်းတပ်ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈၀ ကျော် သေ ဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်းရမိ၊ စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲရှိ နေအိမ် ၁၀၀ ခန့် ပျက်စီး

စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း မိုးဗြဲနှင့် ကရင်နီပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၈၅ ဦး ဝန်းကျင်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီတပ်မတော် KA၊ KNDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KRU၊ URF၊ နေပြည်တော် PDF၊ Karenni GZ ပူးပေါင်းတပ်ဖွဲ့ကြား စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀ ဝန်းကျင် သေဆုံးကြောင်း သိရှိရသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ လက်နက်ငယ် ၁၃ လက်၊ လက်နက်ကြီးလက်နက်ငယ် ခဲယမ်းများ၊ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအ ဆောင် ပစ္စည်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ရှိ ကတ်သလစ်ဘုရားကျောင်းတွင် တပ်စွဲပြီး အနီးဝန်းကျင်သို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက် နက်ကြီးပစ်ကူများ ပစ်ခတ်ခြင်းကြောင့် အများပြည်သူပိုင် နေအိမ် ၁၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း၌လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်တွင် နန်းမယ်ခုံ၊ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ရာ စစ်သား ၃ ဦး သေ ဆုံးကြောင်း၊ မိုးဗြဲ-နန်းမယ်ခုံလမ်း၊ ဝီသဲကူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲခံရပြီး အရာရှိတစ်ဦဂအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု KNDF က ဆိုသည်။

ဖရူဆိုမြို့နယ်၊ ဒေါညေးခူတွင် စက်တင်ဘာလ ၁၁ ရက်နေ့လယ်၌ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း၊ ထီးသော်ကူးကျေးရွာအနီးရှိ စစ်တပ်စခန်းကို ဝင်တိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း KN D F က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးဗြဲမြို့သို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီးနှင့် နန်းမယ်ခုံကျေးရွာတို့တွင်လည်း အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ဖရူဆိုမြို့အခြေစိုက် တပ်စခန်းများမှ စစ်ကား ၂၀ ကျော်ပါ စစ်ယာဉ်တန်းဖြင့် ဒီးမော့ဆိုမြို့ဖက်သို့ တပ်အင်အားဖြည့်တင်းခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s