ထားဝယ်မြို့ ဘဝပင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်ထွက်ခွာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဘဝပင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထွက်ခွာသွားခဲ့ပြီး ဖမ်းဆီးထားသည့် ဒေသခံရွာသားများကိုလည်း ပြန်လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဘ၀ပင်ရွာ၌ စက်တင်ဘာလ ၆ ရက်နေ့မှစတင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း၌ ဖမ်းဆီးထားသည့် ဒေသခံ ရွာသူ၊ ရွာသား ၁၀၀ နီးပါးကို ပြန်လည် လွှတ်ပေးခဲ့ကာ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

“ စစ်တပ်က ပြန်ထွက်သွားတဲ့အချိန်မှာ သူတို့ဖမ်းဆီးထားတဲ့ ရွာသူ၊ ရွာသားတွေကို ပြန်လွှတ်ပေးပြီး လက်နက်ကြီး လက်နက်ငယ်တွေ လမ်းတစ်လျှောက် ရမ်းသန်းပစ်ဖောက်ပြီး ထွက်တာ ဖြစ်တယ်” ဟု PDF ရဲဘော် တစ်ဦးကပြောသည်။

ထိုသို့ စစ်ကောင်စီ တပ်ဖွဲ့မှ ရမ်းသန်းပစ်ခတ်သွားစဥ် ကျေးရွာတချို့သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

“ညက စစ်တပ်က စစ်ကြောင်း ပြန်ဆုတ်တဲ့ အချိန်မှာ လက်နက်ကြီးတွေ ရမ်းပစ်ပါတယ်၊ အဓိက PDF တွေက လာတိုက်မှာ ကြောက်လို့ ဖြစ်တယ်၊ အဖမ်းခံရတဲ့ ရွာသူ၊ ရွာသား အားလုံးကို ပြန်လွှတ်ပေးခဲ့လို့ တော်ပါသေးတယ်”ဟု ဒေသခံ တစ်ဦးကလည်း မှတ်ချက်ပြုသည်။

လက်ရှိတွင် ထားဝယ်-ထီးခီး လမ်းပိုင်းရှိ ဗျောတောဝစစ်ဆေးရေးဂိတ်တွင် ဆန်သယ်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်တားမြစ်ထား၍ အရှေ့တောနယ်ရှိ ဒေသခံပြည်သူများစားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေပြီး အခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s