ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ဒဏ်ရာရသူများပြား ဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းအား တာဝေးပစ် လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူအများအပြား ရှိကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ စက်တင်ဘာလ ၁၄ရက် ယနေ့တွင် ထုတ်ပြန်သည်။

“ပျူတွေက ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်တာရှိသလို ရွာတွေကိုဝင်ပြီး သေနတ်ပစ်ဖောက်ပြီး စားစရာရိက္ခာနဲ့ ပစ္စည်းတွေကို လုကြတယ်၊ ကျေးရွာပြည်သူ ပြည်သူလူထုကို ဒီလိုနှိပ်စက်နေမယ်ဆိုရင်တော့ ကျနော်တို့ ပျူရွာတွေကို အရင်အပြုတ်တိုက်ပစ်မှာပါ” ဟု ဝံပုလွေပြောက် ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး မှ မဇ္စျိမ ကိုပြောသည်။

စက်တင်ဘာလ ၁၄ရက် နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး အင်အား ၆၀ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ရွာ (ပျူစောထီးရွာ) ရှိ စခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

တာဝေးပစ် လက်လုပ် လက်နက်ကြီး ၁၀၀မမ ၊ ၈၀မမ များဖြင့် ၂၅ချက်ခန့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ဆက် ကြေးကောက်ခံရာ ဂိတ်များ နေအိမ်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီးအများအပြားဒဏ်ရာရရှိသွား ကြောင်းသိရသော်လည်း အရေအတွက် အတိအကျသိရှိရခြင်း မရှိသေးကြောင်း ဖော်ပြထားသသည်။

ယင်းတိုက်ပွဲအား ဝံပုလွေပြောက်ကျား(မြိုင်) တပ်ဖွဲ့မှ ဦးဆောင်၍ Myaing Warriores တပ်ဖွဲ့နှင့်အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်ညီနောင်များနှင့် ပူးပေါင်းပြီး တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

သရက်ကန်ကျေးရွာအနီးရှိ ကမ္မ နှင့် မြိုင် ကူးသန်းသော လမ်းမပေါ်တွင် ဂိတ်စခန်း ဖွင့်လှစ်ပြီး ကျေးရွာများမှ ကမ္မမြို့ပေါ်သို့ ဈေးဝယ်ထွက်သည့် ကားများအား ဆက်ကြေးကောက်လေ့ရှိကြောင်းနှင့် ယင်းကျေးရွာတွင် ပြည်သူများမနေထိုင်တော့ဘဲ ပျူစောထီးများနှင့် ပတ်သက်သော ဆွေမျိုးများသာ နေထိုင်ကြကြောင်းသိရသည်။

မြိုင်မြို့နယ်တောင်ပိုင်းတွင် ဝက်ပုတ် ၊ သရက်ကွ ၊ တွင်းမ ၊ သရက်ကန်ရွာတို့မှာ ပျူစောထီးရွာများဖြစ်ပြီး ကိုင်းတောမ တွင် ရဲစခန်းရှိကြောင်း ဆိုသည်။ စစ်ကောင်စီတပ်များသည် အဆိုပါရွာများရှိ ပျူစောထီးများအား စစ်သင်တန်းများပေးပြီး မောင်းပြန်သေနတ်များတပ်ဆင်ပေးထားကြောင်း သိရသည်။

စက်တင်ဘာလ ၇ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသော မြိုင်မြို့အနောက်တောင်ပိုင်း ဝက်ပုတ်ရွာရှိ စခန်းအား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာသူများရှိပြီး လူနာတင်ကား အိမ်စီးကားများနှင့် လူနာများအား ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s