မကွေး၊ ရေလယ်ကျွန်းရှိ မိုင်းကွင်းထဲသို့ ခမရ ၁၀၁ စစ်ကြောင်း ဝင်ရောက်သွားပြီး စစ်သား ၈ ဦး မိုင်းထိသေ၊ ၀ရုန်းသုန်းကား ထွက်ပြေးကြ

မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသသို့ ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၁၀၁ စစ်ကြောင်းကို PDF တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးသွားကြောင်း Black Wolf – People’s Defense Force – MDYမှ ပြန်ကြားရေးတာ ဝန်ရှိသူ ဗိုလ်သမိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ပေါက်တောကြီးဘက်မှ ရေလယ်ကျွန်းဒေသသို့ စတင်ဝင်ရောက်လာသော ခမရ ၁၀၁ ၏ စစ်ကြောင်း ပေါက်တောကျွန်းရွာဟောင်းကုန်းမှ တက်လာချိန်၌ ရှေ့ထွက်ပဒေသာမိုင်း ၃တွဲ ၉လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ နေရာတွင်ပင်လဲကျသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း ၊တပ်ကြပ်တစ်ဦးသေဆုံးမှု အပါအဝင် စစ်သား ၈ ဦး ဒဏ်ရာရသေဆုံးနိုင်ကြောင်း သိရှိရသည်။

“သေဆုံးနိုင်တယ် လို့ တင်ပြပေမယ့် သေကိုသွားတာ။ မြေပြင် အခြေနေကြောင့် သတင်းတင်တာ နောက်ကျ ခဲ့ရတယ်။ အခြေနေက ခုထိ တင်းမာနေဆဲပါပဲ။ ခွေးတွေက ဝင်လာချင်တဲ့ အချိန်ဝင်လာတာ။ လက်နက် အင်အား ကို ဖြည့်တင်းပေးနိုင်ရင် ဒီတော်လှန်ရေးက မကြာဘူး အောင်ပွဲ အမြန်ရမှာ အသေချာပါပဲ” ဟု Black Wolf – People’s Defense Force – MDYမှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်သမိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ရမှုကြောင့် ဒဏ်ရာရရှိသွားသော စစ်သားများနှင့်အလောင်းများကို စစ်တပ်က ဆွဲ၍ အနီးအနားကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထပ်မံ၍ ပေါက်တောကျွန်းရွာ‌ဟောင်းကုန်းသို့ လူနာများပို့ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းကွင်းထဲသို့ဝင်ရောက်ချိန် မိုင်းဆွဲရန်စီစဉ်ခဲ့သော်လည်း ဓားစာခံပြည်သူများပါနေ၍ မစ်ရှင်ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။

စစ်ဆင်ရေးကို Black Wolf PDF (MDY) တပ်ရင်း (၃)/တပ်ခွဲ (၃)နှင့်အတူ ၊ People’s Defense Force Mandalay (မန္တလေးခရိုင်တပ်ရင်း၃)၊ စည်တော်ကြီးဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF (SLKLPDF) ၊ KNT ပြောက်ကျားတပ်စသည့်မဟာမိတ်များအဖွဲ့များဖြင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s