မတ္တရာတိုက်ပွဲတွင် စစ်ကောင်စီဘက်က အ ကျအဆုံးများ၊ ဆီမီးခုံပြည်သူ ၅ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာ ၁၂ ရက် မနက် ၉ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ယောက်လောက် သေဆုံးပြီး ၁၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ Tiger King ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ် ရှင်လှ၊ အေးကျွန်း၊ ရေလယ်ကျွန်းရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

နာရီဝက်အကြာတိုက်ပွဲအတွင်း Tiger King တပ်ရင်း ၁၅ က အဝေးပစ် လက်နက်ကြီးနဲ့ ၁၂ ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်တွေ အ ထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Tiger King) နဲ့အတူ တပ်ရင်း ၂၊ တပ်ရင်း ၁၇ (ဒေါင်းစစ်သည်)၊ တပ်ရင်း ၁၈၊ ဧရာဝတီညီအကို မတ္တရာအဖွဲ့၊ GZ Special Task Force၊ ဒေါင်းနီအဖွဲ့၊ စစ်ကိုင်းတပ်ရင်း ၂ တပ်ခွဲ ၁၊ G Fatt အဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မြင်းခြံမြို့နယ် ဆီမီးခုံမြို့မှာ စစ်တင်ဘာ ၁၁ ရက် မနက် ၁ နာရီလောက်မှာ စစ်ကောင်စီက ရွာသားတချို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေ သခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနက်အစောကြီး ရွာထဲဝင်ဆွဲကြတာ၊ ရွာသား ၅ ယောက် ပါသွားတယ်ကြားတယ်” လို့ ပြောပါတယ်။

မြင်းခြံမှာ စက်တင်ဘာ ၁၀ ရက် ညနေက ဗိုလ်ကြီးတယောက်နဲ့ တပ်သားတ‌ေယာက် အသတ်ခံရပြီးနောက် ဆီမီးခုံမှာ စစ်ကောင်စီက အခုလို ဝင်ရောက်ဖမ်းဆီးတာလို့ ဆိုပါတယ်။

မြင်းခြံမြို့နယ် ကြည်ရွာမှာ တပ်စွဲထားတဲ့တပ်က ဗိုလ်ကြီးအောင်ကိုကိုနဲ့ တပ်သားတယောက်ဟာ စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီက ဆီ မီးခုံ လောင်းကစားဝိုင်းကနေ တပ်စခန်းရှိတဲ့ ကြည်ရွာကိုအပြန် လမ်းမှာတိုက်ခိုက်ခံရပြီး သေဆုံးသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

မြင်းခြံခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲကျော်ကာလအတွင်း လောင်းကစားဝိုင်းတွေ အားကောင်းလာသလို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ အသတ်ခံရတာတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s