မိုးဗြဲမှ နန်းမယ်ခုံသို့ ပြန်ဆုတ်သည့် စကစတပ် မိုင်းနင်းမိပြီး ၇ ဦးသေဆုံး

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲဖက်မှ နန်းမယ်ခုံလမ်းအတွင်းဆုတ်ခွာလာသော စစ်ကောင်စီတပ်သည် ကရင်နီပူးပေါင်းတပ်ဖွဲ့မှဆင်ထားသည့် ပဒသာမိုင်းနင်းမိကာ ခုနစ်ဦးသေဆုံးကြောင်း KNDF B-07 မှ စက်တင်ဘာလ ၁၄ ရက်တွင်ထုတ်ပြန်သည်။

အင်အား ၃၀ ဦးခန့်ရှိသည့် စကစ စစ်ကြောင်းသည် ယမန်​​နေ့ စက်တင်ဘာလ ၁၃ ရက်တွင် မိုးဗြဲမှ နန်းမယ်ခုံဖက်သို့ ပြန်လည်ဆုတ်ခွာလာစဥ် မိုင်းနင်းမိခဲ့ကြခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့၌ပင် နန်းမယ်ခုံမြို့၊ ဆင်မတောင်တွင် ခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်ကို KNDF /B-07 နှင့်

KA တို့မှ ညနေ ၄ နာရီမှ ၆ နာရီအထိ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က သုံးဦးထပ်မံသေဆုံးသွားသည် ဟုလည်းဆိုသည်။

၎င်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဖက်မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာအနည်းငယ်ရရှိကာ ညနေ ၆ နာရီခန့်တွင် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့‌ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

KNDF / B-07 မှ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် ပဒေသာမိုင်းနှင့် ကျည်ဆန်များလိုအပ်နေ၍ဆက်လက်အားဖြည့် ပံ့ပိုးပေးကြရန််လည်း မေတ္တာရပ်ခံထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s