မြိုင်တွင် ကင်းလှည့်လာသော ရဲ ၈ ဦးကို MVRS က ဝင်တိုက်၊ ရဲတပ်သား ရှင်းခန့်သူ သေဆုံးပြီး လက်နက်များရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းလှည့်လာသော ရဲ ၈ ဦးကို MVRS က ဝင်ရောက် တိုက်ခိုက်ရာ ရဲတပ်သား ရှင်းခန့်သူ သေဆုံးပြီး လက်နက်များရရှိကြောင်း MVRS ပြန် ကြားရေးတာဝန်ရှိသူ ကိုသူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်၊တောင် စုံရွာအနီး ကင်းပတ်လာသည့် ရဲ ၈ဦးကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၁ ဦး သေ ဆုံးပြီး လက်နက်များရရှိကြောင်း သိရှိရသည်။

“သူတို့က Well-2 ရေနံလုပ်ကွက်ကိုကင်းပတ်လာတာကို ကျွန်တော်တို့အနီး ကပ် သွားပစ်ခဲ့တယ် ။ ရဲခွေး ၈ ယောက်နဲ့ ကင်းပတ်လာတာကို တွေ့လိုပစ်ခတ်တာ တွေလုပ်ခဲ့တာပါ။ ရဲခွေးတစ်ကောင် အသေဖမ်းမိရခဲ့တယ်။ရဲခွေးအဆင့်က တပ်သားအဆင့်ဖြစ်မယ် ။ အသက်ကတော့အတိအကျ မပြောနိုင်ဘူး။ အမည်ကရှင်းခန့်သူ။ သူနဲ့အတူ G3 လက်နက် တစ်လက်၊ ကျည် ၁၁၅ ​တောင့်၊ ကျည်ဘောက် အပိုတစ်ခု၊ ဖုန်းတစ်လုံး၊ငွေသားတစ်သိန်းကျော်နဲ ဝန်ထမ်းကတ်၁ခုကို သိမ်းဆည်းရမိပါတယ်” ဟု မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး – MVRF ပြန်ကြားရေးကိုသူရိန် ကဆိုသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲသား၇ဦးထွက်ပြေးသွားပြီး ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျည်ထိမှန်ကာ အရပ်သားတစ်ဦးလည်းကျည်ထိမှန် ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s