ဝေါမြို့နယ်မှ Non-CDMဝန်ထမ်းများ ပြည်သူနှင့် အမြန်ပူးပေါင်းရန် ဝေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာချက်ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ၊ဝေါမြို့နယ်အတွင်းရှိ Civil Disobedient Movement(CDM) လှုပ်ရှားမှုတွင် မပါဝင်သည့် Non-CDMဝန်ထမ်းများ ပြည်သူနှင့် အမြန်ပူးပေါင်းရန် ဝေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

“မြန်မာပြည်တစ်နိုင်ငံလုံးမှာ စစ်ရှိန်တိုးမြှင့်ဆောင်ရွက်တော့မှာလေ ။ အဲ့ဒါကြောင့် Non-CDMတွေကို ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပူးပေါင်းဖို့အ တွက် ဒေသန္တရအမိန့်ထုတ်ပြန်တာ ၊တကယ်လို့ မပူးပေါင်းတဲ့ သူတွေကို ဒါစစ်အုပ်စုရဲ့ လက်ကိုင်တုတ်အဖြစ် သတ်မှတ်ပြီးတော့ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ်။ ပူးပေါင်းမယ့်သူတွေကိုလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး Pageကနေ ဆက်သွယ်ပြီး အလင်းဝင်လို့ရပါတယ်”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

အကြောင်းအမျိုမျိုးကြောင့် CDMလှုပ်ရှားမှုတွင် ပါဝင်နိုင်ခြင်းမရှိသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အနေဖြင့် အမြန်ဆုံး ပြည် သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ရောက်ရန်၊ တရားမဝင်စစ်အုပ်စု၏ အမိန့်နာခံ၍ စစ်အုပ်စုယန္တရား လည်ပတ်နိုင်ရန် ထောက်ကူပေးခြင်း၊ CD Mဝန်ထမ်းများကို ခြိမ်းခြောက်ဖိအားပေးခြင်း ပြုလုပ်လျက်ရှိသည့် Non-CDMများသည် လုပ်ငန်းများကို ချက်ချင်းရပ်၍ ပြည်သူများနှင့် အမြန်ပူးပေါင်းရန်နှင့် လိုက်နာခြင်းမရှိပါက Non-CDMဝန်ထမ်းများအား ပြည်သူ့သစ္စာဖောက်များ ၊ပြည်သူ့လောက်ကောင်များ ၊စစ်ကျွန်များအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ကို CDMအနေနဲ့ မသတ်မှတ်တော့ဘူး ။အလင်းဝင်ဖို့ ၊ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အဲ့လို သုံးနှုန်းတယ် ။ဘာလို့ဆို CDM သတ်မှတ်ကာလကျော် သွားပြီ ။သူတို့ကို ထိရောက်စွာ အရေးယူမယ်ဆိုတာက စာရင်းဇယားကောက်ပြီးတော့ NUGရဲ့ ညွှန်ကြားချက်အတိုင်း ဝန်ထမ်းအဖြစ်က ထုတ် ပယ်တာတို့ အဓိကတော့ NUGရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှာပါ”ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဝေါမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု လှုပ်ရှားမှုတွင် မပါဝင်သည့် ဌာနများမှာ မြေစာရင်းဌာန၊ စည်ပင်ဌာန၊ ထွေအုပ်ဌာနတို့ဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s