အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၇၀ အ တွက် NUG က ၀င်ရောက်ဖြေရှင်း လျော်‌ ကြေးငွေ ဘတ် ငါးသန်းကျော်ရရှိ

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်ရှိ အီလက်ထရွန်းနစ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၇၀ အတွက် NUG မှ ကြားဝင်ဖြေရှင်းပေးရာ လျော်‌ကြေးဘတ် ငါးသန်းကျော် ရရှိ‌ကြောင်း NUG ၏ အလုပ်သမား၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၂၇၀ ဦးသည် အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း အလုပ်သမားများမှ အကူညီတောင်းခံလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံ၏ တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းကူညီနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့) မှ ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ သွားရောက် ‌ဖြေရှင်းခဲ့သည်။

‌ဖြေရှင်းရာတွင် အလုပ်လုပ်ထားသည့် လဝက်စာ လုပ်အားခအပြင် အလုပ်သမားများအား ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်သဖြင့် ၁၅ ရက်စာ လုပ်ခနှင့် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ၏ လုပ်သက်သည် ရက်ပေါင်း ၁၂၀ အထက် ဖြစ်သည့်အတွက် လုပ်သက်နစ်နာကြေး တစ်လစာ ခံစားခွင့် စုစုပေါင်း ဘတ် ငါးသန်းကျော်ရရှိခဲ့ခြင်းဟု သိရသည်။

ထို့အပြင် အဆိုပါအလုပ်သမားများအတွက် ပန်းရောင်ကတ် (ထိုင်းအစိုးရမှထုတ်ပေးသည့် အလုပ်သမားကဒ်) အထောက်အထားများရရှိရေး စက်တင်ဘာ ၂၀ ရက်တွင် စတင်‌ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း NUG အလုပ်သမား၀န်ကြီးဌာနက ထုတ်ပြန်သည်။

ပထုန်ဌာနီခရိုင် အလုပ်သမားဌာနနှင့် စက်ရုံမှချိတ်ဆက်ပေးသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သ မားများအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရေး စာရွက်စာတမ်း ကိစ္စများကို စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနသို့ ဆက်သွယ်နိုင်သည်ဟုလည်း NUG က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s