DKBA နှင့် KNU/ KNLA-PC တို့ စစ်ကောင်စီနှင့် ဒုတိယအကြိမ်ဆွေးနွေးရန် နေပြည်တော်သို့ရောက်နေ

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးနှင့် KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက် တာ နော်ကပေါ်ထူးတို့ ဩဂတ် ၁၄ ရက်တွင် နေပြည်တော်သို့ ရောက်ရှိနေကြောင်းသိရသည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) တို့အနေဖြင့် ပြီးခဲ့သည့်မေလနှင့် ဇွန်လတို့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အစည်းအဝေးနှင့်ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများထံ ဖုန်းဖြင့်မေးမြန်းရန်မဇ္ဈိမက ကြိုး ပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သို့သော် DKBA က အစည်းအဝေးနှင့်ပတ်သက်၍ DKBA မှ ပြောရေးဆိုခွင့်ရှိသူ စောစိန်ဝင်းက “ပြီးခဲ့တဲ့ ၂၁ ပင်လုံက သုံးသပ်ချက်သုံးခုကို လေ့လာခိုင်းထားတယ်။ ပြီးခဲ့တဲ့ နောက်ဆုံးဆွေးနွေပွဲတုန်းက ၂၀၂၀ မှာဆက်လက်ဆွေးနွေးရန် ဆိုတဲ့ဟာတွေပြန်ပြီးတော့ လေ့လာခိုင်းထားတယ်” ဟု ဩဂုတ် ၉ ရက်နေ့တွင် ပြောကြားခဲ့ဖူးသည်။

ကရင်ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့စည်း နှစ်ခုဖြစ်သည့် DKBA နှင့် KNU/ KNLA-PC တို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဆွေးနွေးပွဲတက်ရောက်နေသော်လည်း တစ်ဖက်တွင် ကရင်ဒေသ၌ စကစတပ်မှ လေကြောင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် နေ့စဉ်နှင့်အမျှလည်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆက်လက်၍ “ကျနော်တို့ကတော့ ကရင်ဒေသမှာ KNU မပါရင်တော့ ဘယ်လိုဆွေးနွေးဆွေးနွေး အဖြေဟာ ထွက်လာစရာအကြောင်းမရှိဘူး။ ကျနော်တို့နဲ့သဘောတူလည်း KNU သဘောမတူရင် ကျနော်တို့က နယ်မြေက ဆက်စပ်နေတော့ အားလုံးမပါဝင်ရင်အဆင်မပြေနိုင်ဘူး” ဟု စောစိန်ဝင်းက ဩဂုတ် ၉ ရက်နေ့က သုံးသပ်ပြောဆိုခဲ့သည်။

ထိုသိုသို့ပြောကြားမှုအပေါ် စစ်ကောင်စီက ဆက်လက်ကြိုးစားပါမည်ဟု ပြောခဲ့သော်လည်း KNU ဘက်ကမူ စစ်တပ် နိုင်ငံရေးမှထွက်မှ ဆွေး နွေးမည်ဟူသောမူဝါဒကို တရားဝင်ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ကရင်ဒေသတွင်း စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီး စောစတီးပါဝင်သည့် DKBA တာဝန်ရှိသူများနှင့် KNU ခေါင်းဆောင်ပိုင်းများ တွေ့ဆုံခဲ့ကြပြီးနောက် ပြန်လည်ပေါင်းစည်းရေးအပြင် အခြားအချက်များပါဝင်သည့် စာတစ် ခုလူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ဖူးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s