PDF ရဲဘော်များ သတင်းလုံခြုံရေးစည်း ကျိုး ပေါက်မှုများကို မကြာခဏတွေ့နေရသည်ဟုကာကွယ်ရေး၀န်ကြီး သတိပေး

PDF ရဲဘော်များ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုများကို မကြာခဏတွေ့နေရသည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေး‌ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်က ထုတ်လွှင့်သည့် ရေဒီယို NUG တွင် ကာကွယ်ရေးဝန်ကြီးက ‌ပြောကြားခဲ့ပြီး အရပ်သားများကဲ့သို့ ဆိုရှယ်မီဒီယာကို လက်လွတ်စပယ်မသုံးရန် ၀န်ကြီးက ‌ပြောသည်။

မိမိအင်အား၊ မိမိလက်နက်၊ မိမိတည်နေရာ၊ မိမိစီမံချက်ဆိုတာ စစ်ရေးမှာ လျှို့ဝှက်အပ်တဲ့ အရာတွေ ဖြစ်တယ်။ဆိုရှယ် မီဒီယာခေတ်မှာ သတင်းလုံခြုံရေးစည်း ကျိုးပေါက်မှုကို မကြာခဏတွေ့နေရတယ်။ အရပ်သားတစ်ယောက်လို ဆိုရှယ်မီဒီယာကို လွတ်လွတ်လပ်လပ်သုံးဖို့ မသင့်တော်ဘူးဆိုတာ ရဲဘော်တို့ သတိပြုစေလိုတယ်။စစ်မြေပြင်ဆိုတာ အသက်နဲ့ ရင်းရတဲ့ နယ်မြေဖြစ်တယ်။ စစ်သားတစ်ယောက်အတွက် သတိ၊ ဝီရိယဆိုတာ ပိုတယ်မရှိ။ တစ်ဦးချင်းလုံခြုံမှု၊ တပ်ဖွဲ့လုံခြုံမှု၊ စခန်းလုံခြုံမှုအတွက် ၂၄နာရီ သတိမပြတ် ရှိနေကြရမှာ ဖြစ်တယ်” ဟု ကာကွယ်ရေးဝန်ကြီးကသတိပေးသည်။

PDF ရဲဘော်များတွင် အဆင့်ဆင့်အမိန့်နာခံတတ်မှုမှာလည်း အရေးကြီး‌ကြောင်း၊ အရပ်သားဘ၀မှ စစ်သားဘ၀သို့ ကူး‌ပြောင်းခဲ့ရ သဖြင့် စစ်ပုံကျရန် အချိန်တစ်ခုယူရသည်ကို ‌မြေပြင်တပ်မှူး များကလည်း ‌ပြောကြား‌ကြောင်း၊ ရဲစွမ်းသတ္တိနှင့်ပတ်သက်ပြီး မဟာမိတ်ခေါင်းဆောင်၊ မဟာ မိတ်ရဲဘော်များကပင် ချီးကျုးသည်ကို မကြာခဏကြားရ‌ကြောင်း ဦးရည်မွန်က ဆက်‌ပြောသည်။

” အရပ်သားဘဝမှာ မင်းဘာလဲ၊ ငါဘာလဲ လုပ်လို့ရပေမယ့် စစ်သားတစ်ယောက်အနေနဲ့ အဆင့်ဆင့်အမိန့်နာခံတတ်မှုဟာ အသက်တမျှ အ ရေး ကြီးတယ်။ ဒါကိုပဲ Chain of Command တည်ဆောက်မှုလို့ ငါတို့ပြောကြတာ ဖြစ်တယ်” ဟု ဦးရည်မွန်က ‌ပြောသည်။

စစ်ကောင်စီမှာ စိတ်ဓာတ်စည်းကမ်းကျင့်၀တ်မဲ့လာရုံသာမက တိုက်ခိုက်နိုင်စွမ်းပါ လျော့ပါးလာ‌ကြောင်း၊ အင်အားမလုံလောက်မှု များကိုလည်း တွေ့ရပြီး ပြည်သူဘက်သို့ ကူး‌ပြောင်းလာသည့် စစ်သားနှင့် ရဲများလည်းတနေ့တခြားများလာသည်ဟု ဉီးရည်မွန်က ‌ပြောသည်။

” ပြည်သူ့ပြောက်ကျားစစ်မှာ ရန်သူ့အင်အားဟာ တစ်နေ့ပြီး တစ်နေ့ ပြုန်းတီးလာနေတယ်။ ဒီ့ထက်ပိုပြီး အထိနာလာရင် စစ်ကောင်စီတပ်ဟာ အချိန်မရွေးပြိုကွဲသွားနိုင်တယ်ဆိုတာလည်း ငါတို့ သတိပြုကြရမယ်။ အဲ့ဒီအချိန်ရောက်ရင် ဒီနိုင်ငံ အစည်းပြေပြီး ဖရိုဖရဲ ဖြစ်မသွားဖို့နဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ဟာ ငါတို့ပခုံးပေါ်ကို လုံးလုံးလျားလျားရောက်ရှိလာမှာ ဖြစ်တယ်။ ဒီနိုင်ငံနဲ့ဒီပြည်သူရဲ့လုံခြုံမှုကို အာမခံနိုင်တဲ့ Professional တပ်မတော်တစ်ရပ်ဖြစ်ဖို့ ရည်မှန်းပြီး ရဲဘော်တို့ကို Code of Conduct စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့၊ Chain of Command အမိန့်ပေးကွပ်ကဲမှုစနစ်ကို ကိုယ်တိုင် ပါဝင်တည်ဆောက်ကြဖို့ အလေးအနက် တိုက်တွန်းနေရတာလည်း ဖြစ်တယ်” ဟု ကာကွယ်ရေး၀န်ကြီးက ‌ပြောသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ပြည့်ချိန်တွင် PDF တပ်မတော်မှာ နိုင်ငံ တည်ငြိမ်မှု၊ ပြည်သူပြည်သားများ၏ လုံခြုံမှုအတွက် တာဝန်ယူဖို့ PDF အဆင်သင့်ဖြစ်ပြီလားဆိုသည့်မေးခွန်းဖြစ်သည်ဟု ဦးရည်မွန်က ‌ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s