Monthly Archives: Sep 2022

တွံတေးတွင် ဒုရဲအုပ် ၁ ဦးနှင့် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ဒုရဲအုပ်တယောက် အပါအဝင် ဒေသခံပြည်သူနှစ်ယောက်ကို စစ်ကောင် စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၀ ရက်က တွံတေးမြို့မဈေးအတွင်း ဦးခင်မောင်မြင့်ဆိုသူ ပစ်ခတ်ခံရမှုနဲ့ ပတ်သက်တယ်ဆိုပြီး တွံတေးရဲစခန်းက ဒုရဲအုပ်မောင်ရွှေ အပါအဝင် ဒေသခံ ပြည်သူနှစ်ယောက် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“ဈေးထဲမှာ ဦးခင်မောင်မြင့် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖမ်းခံရတာပါ။ တွံတေးရဲစခန်းက ဒုရဲအုပ် မောင်ရွှေရယ်၊ ပစ်သတ်ခံခဲ့ရသူရဲ့ ညီဝမ်းကွဲရယ်၊ နောက်တဦးရယ် အဖမ်းခံရတယ်။ လက်နက်ပါမိတယ်လို့တော့ မကြားမိဘူး” လို့ ရဲစခန်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒုရဲအုပ် မောင်ရွှေနဲ့အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတွေဟာ ကိုသန်းစိုးနဲ့ ဦးခင်မောင်မြင့်ရဲ့ ညီဝမ်းကွဲ ကိုဇေယျာထွန်းတို့ ဖြစ်ကြပါတယ်။

ကိုသန်းစိုးနဲ့ နီးစပ်သူတယောက်က “ကိုသန်းစိုးကို ၁၄ ရက် မနက်ပိုင်းက ရဲစခန်းက လာခေါ်သွားတယ်။ စစ်မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ တနေ့လုံးပဲ။ ည ၇ နာရီလောက် ရဲတွေနဲ့ အိမ်ပြန်လာ၊ လိုအပ်တဲ့ပစ္စည်းတွေယူပြီး ပြန်ခေါ်သွားတယ်” လို့ ပြောပါတယ်။

တွံတေးမြို့မဈေးထဲမှာ သြဂုတ် ၂၀ ရက်က ဦးခင်မောင်မြင့်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သတင်းပေးတာတွေ ပြုလုပ်တဲ့အတွက် Twantay Royal Defense Force (TRDF) က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ DVB

Khit Thit ၏ သတင်းပို့စ်များအောက်တွင် အကောင့်ဆယ်၊ ဟက်ပေးမည်ဆိုပြီး ငွေလိမ် လည်သည့် Lily Par (IT) အမည်ခံထားသော အကောင့်နှင့် Telegram လင့်များ ရှယ်နေသည့် အကောင့်များကို သတိထားကြရန် အသိ ပေးခြင်း

Khit Thit ၏ သတင်းပို့စ်များအောက်တွင် အကောင့်ဟက်ပေးမည်ဆိုပြီး ငွေလိမ်လည်သည့် Lily Par (IT) အမည်ခံထားသော အကောင့်နှင့် Telegram လင့်များ ရှယ်နေသည့် အကောင့်များကို သတိထားကြရန် နှိုးဆော်အပ်ပါသည်။

Khit Thit၏ သတင်းပို့စ်များအောက်တွင် “Facebook အကောင့်တွေ ဟက်ပေးနေတဲ့ ဆရာပါ လိုအပ်သူများ ဟက်ခိုင်းလို့ ရပါတယ်” ဆိုသော စာသားဖြင့် https://www.facebook.com/itlilylilypar အမည်ခံ အကောင့်ကို လင့်ချပေး‌ပြီး Comment ပေးကာ အများပြည်သူများထံမှ ငွေကြေးလိမ်လည်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါသည်။

အဆိုပါအကောင့်သည် ဖေ့ဘုတ် အကောင့်ဟောင်းများကို ဆယ်ပေးသည်၊ဟက်ပေးမည် ဆိုကာ Wave ၊ K Pay များမှ ငွေကျပ် ၃ သောင်းမှ ၆ သောင်းအထိ တောင်းယူပြီး ငွေရရှိသောအခါ ငွေလွှဲပေးသူများကို Block လုပ်ပြီး ငွေကြေးများ လိမ်လည်မှုများ ဆက်တိုက်ကျူးလွန်နေပါ သည်။ ထို့ကြောင့် လိမ်လည်မှုများလုပ်နေသော Lily Par (IT) အမည်ခံ အကောင့်ကို သတိထားကြရန် ပြည်သူများကို အသိပေးအပ်ပါသည်။

ထို့ပြင် Khit Thit ၏ သတင်းပို့စ်များအောက်တွင် တယ်လီဂရမ်လင့်များ လာရောက်ရှယ်နေသည့် Comment များကို သတိထားကြရန်၊ ပေးထားသည့် တယ် လီဂရမ်လင့်များကို မနှိပ်ကြပါရန် အသိပေးအပ်ပါသည်။

အယ်ဒီတာအဖွဲ့

ရန်ကုန်ခေတ်သစ်သတင်းဌာန

တူမီးထီ အပတ်စဉ် (၄) မှရရှိသော ကန်ဒေါ် လာ ၂,၀၀၀ ကျော်ကို ကာကွယ်ရးနှင့် စစ်ရှောင်အဖွဲ့များသို့ ပေးအပ်

တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ် (၄) မှ ရရှိလာသောရန်ပုံငွေအား ချင်းကာကွယ်ရေးတပ်ဖွဲနှင့် စစ်ဘေးရှောင်ကူညီရေး အဖွဲ့များအား ခွဲဝေပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ထီရောင်းရငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃,၂၅၅ ရရှိခဲ့ပြီး ဆုကြေးပြန်လည်ပေးအပ်ငွေ ဒေါ်လာ ၈၀၀ နှင့် Promotion & Agents အ တွက် ဒေါ်လာ ၁၉၅ ကို အသုံးပြုခဲ့ပြီးကျန်ရှိသည့် ကန်ဒေါ်လာ ၂,၂၆၀ ကို ခွဲဝေပေးခဲ့ခြင်းဟုဖော်ပြထားသည်။

ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အား အမေရိကန်ဒေါ်လာ ၁၀၀၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို) သို့ ကန်ဒေါ်လာ ၄၂၀၊ ဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင် များအတွက် ကန်ဒေါ်လာ ၄၂၀ နှင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်များအတွက် ကန်ဒေါ်လာ ၄၂၀ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဉီးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program – CRFP ) မှရောင်းချသော ချင်းဒီဂျစ်တယ်ထီဖြစ်သည်။

CRFP သည် တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေးအလွန်ကာလများအတွက်ပါ လိုအပ်သည့်ရန်ပုံငွေများကို တစ်ဖက်တစ်လမ်းမှရှ ာဖွေပေးရန် မူဝါဒများနှင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။

တူမီးထီ အပတ်စဉ် (၅) အတွက် ထီလက်မှတ်များရောင်းချလျက်ရှိနေပြီး Website (သို့မဟုတ်) Phone Application မှတစ်ဆင့် လက်မှတ်တစ်စောင်လျှင် အမေရိကန်ငါးဒေါ်လာဖြင့် ကံစမ်းနိုင်ကြပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် ထီဖွင့်မည်ဖြစ် ကြောင်းထုတ်ပြန်ထားသည်။

အာဏာရှင်စနစ်အား အပြည့်အဝတော်လှန်နိုင်ရမည်ဟူသည့် ယုံကြည်ချက်ဖြင့် တူမီးထီကိုအားပေးကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ချင်းတော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာငွေလိုအပ်ချက်များအတွက် တူမီးထီကိုထိုးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။ mizzima

ရေဦးတွင် ဒုတိယရဲမှူးကြီး ၁ ဦး မိမိကိုယ်ကိုယ် သတ်သေ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးတယောက် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက မိမိကိုယ်ကို သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရေဦးခရိုင်ထဲမှာပါတဲ့ မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ သေနတ်နဲ့ပစ်သတ်ခံရပြီး စစ်ကောင်စီက လုံခြုံရေးပေါ့ဆမှုကြောင့်ဆိုကာ ထုချေလွှာတောင်းခံလို့ ဖိအားများပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဝန်ထမ်းအိမ်ရာထဲက သူနေတဲ့အခန်းမှာ တံခါးကိုပိတ်ပြီး သူ့သေနတ်နဲ့သူ သတ်သေသွားတာပါ။ ဖိအားတွေအရမ်းများတော့ ဒီလမ်းပဲရှိတယ်။ ထွက်ချင်လည်း ထွက်လို့မှမရတာ။”

သေဆုံးသွားတဲ့ ခရိုင်ရဲမှူးမှာ ရဲအပတ်စဥ် ၁၆ မှ ဒုတိယရဲမှူးကြီးဝင်းနိုင် ဖြစ်ကာ အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး ခရိုင်ရဲတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲအချင်းချင်း ပစ်ခတ်တာတွေ၊ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် မိမိကိုယ်ကို သေနတ်နဲ့ပစ်ကာ သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။ DVB

သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရေဦးခရိုင်မှူး ဒုရဲမှူးကြီး ဝင်းနိုင်၏ အလောင်း ယနေ့ အသုဘချသွားစဉ် မိုင်းကွဲမှု ဖြစ်၊ စကားများ ရန်ဖြစ်ပြီး စစ် တပ်က ဒုရဲမှူးကြီးဝင်းနိုင်ကို ပစ်သတ်ဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနိုင်ကို ယနေ့ ညနေပိုင်း ရေဦးသုဿန်တွင် အသု ဘချ သဂြိုလ်ရန် သွားစဉ် မိုင်းကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိသည်။

ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်သည် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားပြီး မိမိကိုယ်ကို သတ်သေသည်ဟုလည်းကောင်း၊ ပစ်ခတ်မှုဖြစ်ပွား၍ သေဆုံးသည်ဟုလည်းကောင်း သတင်းများ အမျိုးမျိုး ထွက်ပေါ်နေကြောင်း၊ ယနေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ရေဦးသုဿန်တွင် သဂြိုလ်ရန် အသုဘ ချသည့်လမ်းတွင် မိုင်းကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ညနေ ၃နာရီ ၂၀မိနစ်လောက် ရေဦးသုဿန်မှာ သဂြိုလ်တယ်။ နာရေး သုသာန်သွားတဲ့လမ်းမှာ မိုင်းကွဲတယ်။ အထိုအခိုက်ရှိမရှိ သေချာ မသိရသေးဘူးဗျ။ မိုင်းကွဲအပြီး သေနတ်တွေနဲ့ ရမ်းပစ်တာရှိတယ်။ စစ်တပ်က ရမ်းပစ်လို့ ပုန်းနေရတယ်” ဟု ရေဦးဆုံမှတ်အဖွဲ့မှ ပြန်ကြား ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုရဲမှူးကြီး ဝင်းနိုင်သေဆုံးမှုကို သတ်သေသည်ဟု သတင်းအများစုက ဖော်ပြနေကြသော်လည်း ဒေသသတင်းရင်းမြစ်နှင့် အခြားသတင်းရင်း မြစ်တချို့က စကားများ ရန်ဖြစ်ရာမှ သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။

“ကျနော်တို့ သတင်းအရင် ကြားတာက စကားများပြီး ပစ်ခတ်လို့ သေတာလို့ သိရတယ်” ဟု ရေဦးဆုံမှတ်အဖွဲ့က ဆိုသည်။

အခြား ရေဦး ဒေသ သတင်း ရင်းမြစ်တစ်ခုကမူ ရေဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်တပ်ဘက်မှ ဗိုလ်မှူးက အရက်မူး စကားများ ရန်ဖြစ်ပြီး ရေဦး ခရိုင်မှူး ဒုရဲမှူးကြီး ဝင်းနိုင်ကို ရုံးခန်းအတွင်း ဝင်ရောက် ပစ်ခတ်သဖြင့် သေဆုံးသွားသည်ဟုလည်း ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဒုရဲမှူးကြီး ဝင်းနိုင်သေဆုံးသည့် အကြောင်းအရာကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ကိုသာ အ တည် ပြုနိုင်သေးသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ရေဦးမြို့ပေါ် စည်ပင်ရုံးတွင်လည်း မိုင်းပေါက်ကွဲခဲ့ပြီး စည်ပင်ရုံး အုတ်တံတိုင်းများ ပြိုကျသွားကြောင်း သိရှိရသည်။khit thit

ယင်းမာပင်အနောက်ခြမ်း သပိတ်ဒေသခံများက တော်လှန်ရေးအတွက် ရွှေနားကပ် ၉ စုံလှူ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်းလူထုသပိတ်စစ်ကြောင်းမှ ဒေသခံပြည်သူများက တော်လှန်ရေးတွင်အသုံးပြုနိုင်ရန် ရွှေနားကပ် ကိုးစုံ လှူဒါန်းခဲ့ကြောင်း သပိတ်ဦးဆောင်ကော်မတီ ခေါင်းဆောင်ထံက သိရသည်။

စက်တင်ဘာလ ၁၃ ရက် ယင်းမပင်မြို့နယ်အနောက်ဘက်ခြမ်းတွင် သပိတ်စစ်ကြောင်း ထွက်နေစဉ် ဒေသခံအမျိုးသမီး ကိုးဦးက ၎င်းတို့၏ အဖိုးတန်နားကပ်များကိုချွတ်ကာ တော်လှန်ရေးအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“သပိတ်စစ်ကြောင်းမှာ ဒေသခံလူထုက YRF တော်လှန်ရေးအဖွဲကို နားကပ်ချွတ်ပြီး လှူဒါန်းမှု ပြုလုပ်ခဲ့သေးတယ်။ လေးစားစရာ တစ်ခုပိုရှိသေးတယ်။ ကျောက်နီချယ်နားကပ်က ရွှေပါဝင်မှုနည်းသောကြောင့် နောက်ရက်မှာ ကျောက်စိမ်းလက်စွပ်နှင့် လာပြီးလဲလှယ်ခဲ့ပါတယ်” ဟု သပိတ်ခေါင်းဆောင်က မဇ္ဈိမသို့ပြောသည်။

ယခုကဲ့သို့ လူထုတော်လှန်ရေးတွင် ပြည်သူလူထု ပါဝင်လာခြင်းအား ပီတိဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် လှူဒါန်းခဲ့သော အဆိုပါလက်ဝတ်လက်စားပစ္စည်းများသည် Young Ranger Force ( YRF) ဒုတပ်ရင်းမှူးလက်ထဲသို့ အပ်နှံပြီးပြီဖြစ်ကြောင်းသိရသည်။ mizzzima

ကျောက်တော် အပေါက်ဝရဲစခန်းက ဒုရဲအုပ် ၁ ဦးကို အေအေ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ရဲစခန်းက ဒုရဲအုပ်တယောက်ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ရက္ခိုင့်တပ်တော်(အေအေ) ဖမ်းဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒုရဲအုပ်မှာ အသက် ၃၅ နှစ်ခန့်ရှိပြီး အပေါက်ဝကနေ ကျောက်တော်မြို့ဘက်အသွား ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

“ဒုရဲအုပ်တဦး ဖမ်းဆီးခံရတာကတော့ ဟုတ်တယ်ဗျာ။ သူ့နာမည်ကတော့ ကျ‌နော်လည်း မသိဘူး။ အသက်ကတော့ ၃၅ နှစ်လောက်ရှိမယ်။ မ နေ့က အပေါက်ဝကနေ ကျောက်တော်ဘက်ကို သွားတာမှာ အေအေက ဖမ်းသွားတာလို့ သိရတယ်။ သူနဲ့အတူ ပစ္စတို တလက်လည်း ပါသွားတယ်။ သူက စစ်တပ်ကနေ အသွင်ပြောင်းထားတာနဲ့တူတယ်ဗျာ။”

ဒုရဲအုပ်တယောက် ဖမ်းဆီးခံလိုက်ရတာကြောင့် စစ်တပ်က လာပြီး ပြဿနာရှာမှာကို စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇွန်လကနေ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်းကို အေအေက ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီကလည်း ဒေသခံ ရာချီဖမ်းဆီးကာ ၄၀ နီးပါးကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း ၃ ခုထက်မနည်းကို အေအေက သိမ်းပိုက်ထားကာ စစ်ကောင်စီကလည်း လေယာဥ်တွေ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေပါတယ်။ DVB

မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် Non-CDM ဝန်ထမ်း များကို အမည်ပျက်စာရင်းသွင်းပြီး နယ်နှင်ဒဏ်ပေးမည်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာ Non CDM ဝန်ထမ်းများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက အမည်ပျက် (Blacklist) စာရင်းသွင်းပြီး နယ်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အမည်ပျက်စာရင်းသွင်း ခံထားရသူများသည် CDF (မင်းတပ်)၏ ထိန်းချုပ်နယ်မြေထဲ လာခွင့်မရှိဘဲ နယ်နှင်ဒဏ်ပေးခြင်း၊ တရားစီရင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း CDF (မင်းတပ်) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟွာအွမ်းက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“NUG ကလည်း Non-CDM တွေနဲ့ ပတ်သက်တဲ့ တရားဝင်ဥပဒေကို အတည် ပြုဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ အရေးတော်ပုံပြီးသွားရင်တော့ NUG ရဲ့ တရားစီရင်မှုအပိုင်းပေါ့နော်။ ကျွန်တော်တို့ အပိုင်းကတော့ Blacklist လုပ်မယ်။ Blacklist လုပ်ထားတဲ့ လူတွေက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ လာခွင့် မရှိဘူး။ သာရေး နာရေးက အစ နယ်နှင်ဒဏ်ပေးတာပေါ့။ Blacklist ပါသွားရင် ကျွန်တော်တို့ အနေနဲ့ သူတို့ကို ဖမ်းဆီးမယ်။ ဖမ်းဆီးမယ်ဆိုတဲ့အခါမှာ သူတို့ကို Chance တော့ ပေးထားတယ်။ Blacklist လုပ်ပြီး ပြန်ဝင်လာရင်တော့ ကျွန်တော်တို့မှာ ဥပ ဒေဌာန ရှိတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သူတို့ပြန်ဝင်လာရင် ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ ဝင်လာရင် ဥပဒေ အတိုင်းအ ရေးယူသွားမယ့် အပိုင်းရှိတာပေါ့။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ မပါတဲ့ လူတွေကတော့ ပြည်နှင်ဒဏ်တစ်ခါတည်းပေးမယ် ။ အဲလူတွေက ဘယ်လိုမှ ဝင်လာလို့ မရဘူး။ ဝင်လာရင် ကျွန်တော်တို့ဘက်က ဥပဒေ အရ အရေးယူသွားမယ်” ဟု ၎င်းက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အားလုံးကို သေချာစိစစ်၍ အမည်ပျက်စာရင်းသွင်းကြေညာသွားမည်ဖြစ်ပြီး ပြည်သူများကဲ့သို့ တပြေးညီ ဆက်ဆံမည်မဟုတ်ကြောင်း CDF (မင်းတပ်) ကဆိုသည်။

“တော်လှန်ရေးမှာ ပါဝင်ပတ်သက်တဲ့ လူနဲ့ ပါဝင်မပတ်သက်တဲ့ လူတွေကို ကျွန် တော်တို့က ဘယ်တော့မှ အရေးတော်ပုံပြီးသွားခဲ့ရင်လည်း N U G ရဲ့ ဥပဒေအတိုင်းလည်း သွားမယ်။ ကျွန်တော်တို့ဘက်ကလည်း ရှိမယ်။ ကျွန်တော်တို့က တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူနဲ့ မပါဝင်ခဲ့တဲ့ လူကို ဘယ်တော့မှ တပြေးညီ မဆက်ဆံနိုင်ဘူး။ ကျွန်တော်တို့က မှားယွင်းမှုတွေ ရှိမှာစိုးရိမ်လို့ ဖြည်းဖြည်းချင်းလုပ်နေတာပါ။ ဌာနဆိုင်ရာ အ ကုန် လုံးပါတယ်။ ဥပဒေအရ NUG က ဥပဒေထွက်လာရင်လည်း အဲဒီအတိုင်းအရေးယူမယ် ၊ အရေးတော်ပုံပြီးသွားရင်လည်း ကျွန်တော်တို့ မြို့နယ်အနေနဲ့ ကျွန်တော်တို့ လုပ်မယ့်ဟာတွေ အများကြီးရှိတယ်” ဟု ဆလိုင်းဟာအွန်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ khit thit

တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးဟုဆို

စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးကြောင်း တန့်ဆည် PDF တပ်ဖွဲ့ဝင်ထံက သိရသည်။

ယနေ့စက်တင်ဘာလ ၁၆ရက် နံနက် ၅နာရီ ၄၅မိနစ်ခန့်က တန့်ဆည်မြို့ မြောက်ဘက် ငါးမိုင်အကွာရှိ အုတ်ဖိုအိုင်ရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် တပ်မ(၃၃)မှ ‌စစ်ကောင်စီတပ် အင်အား ၆၀ခန့်ကို တန့်ဆည် PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇) ရဲဘော်များက လက် နက်ကြီးငါးလုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ သည်ဟု တန့်ဆည် PDF ထံက သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီ တပ်သားများ ရှေ့သို့ ဆက်တက်လာခဲ့ရာ အုတ်ဖိုအိုင်ရွာအဝင်တွင် တိုက်မိုင်းမိ၍ သုံးဦးခန့် ထပ်မံ သေဆုံးခဲ့ ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က စစ်ကြောင်းထိုးလာလို့ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ပစ်တာ ငါးယောက်သေတယ်။ တိုက်ပွဲပြီးတော့ သူတို့ရှေ့ကိုဆက်တက်လာလို့ တိုက်မိုင်းမိပြီး သုံးယောက် ထပ်သေတယ်။ ပြီးတော့ ရွာထဲဝင်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အိမ်ခြေ အရေအတွက်တော့ မသိရသေးဘူး။ ဒေသခံတွေလည်း ပိတ်မိနေတယ်” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၀ နာရီတွင် အုတ်ဖိုအိုင်ရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အုတ်ဖိုအိုင်ရွာရှိ ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒေသခံအချို့မှာ ပိတ်မိနေကြောင်း PDF ရဲဘော်ထံက သိရသည်။

တန့်ဆည်မြို့နယ်သည် ပြည်သူ့အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ နယ်တစ်ခု ဖြစ်သည်။ mizzima

« Older Entries