စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိ။

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်မှ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှစပြီး ညသန်း ခေါင်ယံအထိ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် မိုးဗြဲမွေတော် ဘုရားကျောင်းအတွင်းတွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံ နက် ၂ နာရီအချိန်တွင် လက်နက်ကြီးကျရောက်ပြီး စစ်ရှောင်ပြည်သူ လေးဦးပွဲချင်းပြီးသေဆုံးပြီး၊ ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု မိုးဗြဲဒေသခံများက ဆိုသည်။

အဆိုပါ လက်နက်ကြီးထိမှန်မှုကြောင့် ၁၀ နှစ်ဝန်းကျင် မောင်နှမ နှစ်ဦးနှင့် အသက် ၅၀ ကျော် အမျိုးသား နှစ်ဦး ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၈ ရက်နေ့ကစပြီး မိုးဗြဲတိုက်ပွဲအတွင်းအထိနာသဖြင့် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့အထိ လက် နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသန်းပစ်ခတ်မှုကြောင့်

မိုးဗြဲမြို့အနီးရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများအတွင်း လက်နက်ကြီး ကျရောက်လာသည့်အတွက် ဒေသခံများက စိုးရိမ်နေရကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s