စစ်ကောင်စီတပ်သားများ အရပ်သားအသွင်ဖြင့် ကရင်နီပြည်အတွင်း ဝင်ရောက်လာခြင်းများကို စစ်ဆေးမှုများပြုလုပ်မည်ဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ်သားများ အရပ်သားအသွင့်ဖြင့် ကရင်နီပြည်အတွင်းသို့ ဝင်ရောက်လာခြင်းများနှင့် ပြည်သူများ၏ ပစ္စည်းများကို ခိုးယူပြီး သယ် ဆောင်သွားခြင်းများကို ဟန့်တားနိုင်ရန်အတွက် ဖိဖိစီးစီးစစ်ဆေးမှုများပြုလုပ်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၂)က ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ အစောပိုင်းက ထုတ်ပြန်ခဲ့သော ‘ကရင်နီပြည်အတွင်း ၂/ မှတ်ပုံတင်ကိုင်ဆောင်သူများသာ ဖြတ်သန်းသွားလာခွင့် ရှိမည်’ ဟု ပါရှိသော ကြေညာချက်ကို ပြင်ဆင်ပြီး လူတိုင်းဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ကာ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံရမည်ဟု KNDF က ပြောင်းလဲပြင်ဆင်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကရင်ပြည်အတွင်းသို့ ကရင်နီပြည်နှင့် နီးစပ်ရာဒေသမှမဟုတ်ဘဲ ရပ်ဝေးမှလူများ ရာနှင့်ချီ ဝင်ရောက်လာသည်ကို တွေ့ရှိရပြီး အချို့မှာ စစ်ကောင်စီတပ်၏ တပ်သားများ ပေါ်တင်ပို့ဆောင်မရသဖြင့် အရပ်သားအသွင်ယူပြီး ဝင်ရောက်လာသည်ဟု ယူဆဖွယ် တွေ့ရှိရသည်ဟု KNDFက ဆိုသည်။

စစ်ကောင်စီတပ်သားများကို အရပ်သားအသွင်ဖြင့်ပို့ဆောင်ကာ လက်နက်ခဲယမ်းများကို လေကြောင်းဖြင့် ပို့ဆောင်ပြီး ကရင်နီပြည်ရောက်မှ တပ်သားများသည် စစ်ဆင်ရေးတွင် ပါဝင်ကြသည်ဟု ယူဆသံသယဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် စစ်ရေးအခြေအနေကြောင့် ကရင်နီပြည်၏ မြို့တော် လွိုင်ကော်အပါအဝင် ဒေသအနှံ့အပြားမှ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေသော ပြည်သူများ၏နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ ပရိဘောဂများနှင့် အသုံးအ ဆောင်အပါအဝင် ပစ္စည်းများကို မသမာသူများက ခိုးယူကာ ကားများဖြင့် ပြည်နယ်ပြင်ပသို့ ပို့ဆောင်သယ်ထုတ်သွားသည်ကို မကြာခဏ စစ် ဆေးတွေ့ရှိရသည်ဟု KNDF က ဆိုထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s