စစ်ကောင်စီအတွက် လက်နက်သယ်၊ နိုင်ငံခြား ငွေရှာ ၊ လေတပ်လိုအပ်ချက်များ ဖြည့်ဆည်းနေသည့် MNA လေကြောင်းလိုင်းကို သပိတ် မှောက်ရန်နှင့် အမည်ပျက်စာရင်း သွင်းရန်လိုအပ်နေ

မြန်မာ့အမျိုးသားလေကြောင်းလိုင်း လို့ခေါ်တဲ့ MNA ဟာ ခေတ်အဆက်ဆက် နာမည်ကောင်း၊ အစဉ်အလာ ကောင်းတွေနဲ့ ၇၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်မှာတော့ စစ်တပ်ရဲ့ အာဏာတည်မြဲရေး ထောက်ပံ့ပေးနေတဲ့ ဒေါက်တိုင်တစ်ခုဖြစ်လာပါတယ်။

ကိန်းဂဏန်း စာရင်းဇယားတွေအရ MNA လေကြောင်းလိုင်းဟာ အကြီးအကျယ်အရှုံးပေါ်နေပေမယ့်လည်း စစ်ကောင်စီရဲ့ အာ ဏာ တည်မြဲရေးကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေတာကြောင့် MNA လေကြောင်းလိုင်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဒါရိုက်တာတွေ ဦးဆောင်သူတွေ ထိုင်ခုံမြဲနေကြပါတယ်။

MNA မြန်မာ့လေကြောင်းလိုင်းဟာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိပြီး စစ်ကောင်စီရဲ့ ရေချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဝန်ကြီးအဖြစ် လေကြောင်းလိုင်းကို စီမံကွပ်ကဲနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စတင်အာဏာသိမ်းချိန်မှာ MNA လေကြောင်းလိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများစွာ CDM လုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာစစ်ကောင်စီက CDM လုပ်တဲ့ဝန်ထမ်းတွေကို ဖမ်း၀ရမ်းထုတ်ပြီး CDM ဝန်ထမ်းတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို အမည်ပျက်စာရင်း သွင်းပြီး ပြည်ပထွက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

MNA လေကြောင်းလိုင်းအနေနဲ့ စစ်ကောင်စီအတွက် အလုပ်တွေများစွာ လုပ်နေတဲ့ အထဲက အဓိက အရေးကြီးတဲ့ အချက်တွေကို‌ ကောက်နုတ်တင်ပြပါ့မယ်။

နိုင်ငံခြားငွေ အပေးအယူနဲ့ ငွေကြေးစီးဆင်းမှု

===========================

ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဝန်ကြီးအဖြစ် ဆောင်ရွက်တဲ့ ပို့/ဆက် ဝန်ကြီးဌာန အောက်မှာရှိတဲ့ MNA လေ ကြောင်း လိုင်းက အများစု သတိ မထားမိတဲ့ နိုင်ငံခြားငွေ ငွေကြေးစီးဆင်းမှုတွေကို စစ်ကောင်စီအတွက် လုပ်ပေးနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ နိုင်ငံခြားငွေ ငွေပေး၊ ငွေယူတွေကအစ စစ်ကောင်စီရဲ့ ငွေကြေးတွေ အဝင် အထွက် လုပ်နိုင်အောင် ဆောင် ရွက်ပေးနေတဲ့ ဌာတစ်ခုဆိုရင်လည်း မမှားပါဘူး။

လက်နက်သယ်ယူခြင်း

=============

MAN လေကြောင်းလိုင်းက စစ်တပ်အတွက် လက်နက်တွေကို သယ်ယူပေးနေတာ အာဏာသိမ်းစအချိန်ကတည်းက ဖြစ်ပါတယ်။ ပြည်တွင်းခရီးသည်တင် လေယာဉ်တွေနဲ့ လက်နက်တွေ ခဲယမ်းတွေ သယ်ယူတယ်ဆိုတာဟာ နိုင်ငံ တကာခရီးသည်တင် လေကြောင်းလိုင်းတွေ လိုက် နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အကျိုးစီးပွားအတွက် MNA လေယာဉ်မှူးတွေကစလို့ ဝန်ထမ်းတွေနဲ့ ခေါင်းဆောင်တွေက မျက်စိမှိတ်ပေးနေကြပါတယ်။

လေတပ်အတွက်လိုအပ်ချက်များ ကြားခံအဖြစ် လုပ်ဆောင်ပေးခြင်း

======================================

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ စစ်ကောင်စီရဲ့ လေတပ်ဟာ တိုက်ရိုက်ရော သွယ်၀ိုက်ရော ပတ်သက်နေပါတယ်။ လေကြောင်းလိုင်းမှာ လေယာဉ်မောင်းနေတဲ့ ပိုင်းလော့ အများစုက လေတပ်က လာကြတဲ့ အရာရှိဟောင်း တွေလည်းဖြစ်ပါတယ်။ အုပ်ချုပ်မှုဒါရိုက်တာတွေကလည်း လေတပ်အရာရှိဟောင်းတွေနဲ့ စစ်တပ်က လူတွေပဲဖြစ်ပါတယ်။

လေတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဆီက စလို့ လိုအပ်ချက်တွေကို MNA ကဖြည့်ဆည်း ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။

“စစ်သုံး လေယာဥ်မှ သာလျှင် ထောက်ပို့ ရေး လမ်းကြောင်းလို့ ပြည်သူတွေက ထင်နေကြတာ။ တကယ်က MNA နဲ့ MAI က စစ်တပ်အတွက် နောက်ကွယ်ကနေ လှုပ်ရှား ပေးနေပါတယ်။ မင်းအောင်လှိုင် လက်ရှိ နိုင်ငံခြားခရီးစဥ်မှာ အသုံးပြုနေတဲ့ Airbus လေယာဥ်တွေကိုလည်း လေ ကြောင်းလိုင်းတွေက အမည်ခံပေးတာပဲ။ တကယ်ပိုင်ဆိုင်တာကစစ်တပ်နဲ့ မအလ ပဲလေ။ စစ်တပ်ရော စစ်ကောင်စီအတွက်ရော လိုအပ်တာတွေ ပြည်တွင်းပြည်ပ MNA နဲ့ MAI က သယ်ပေးနေတာ။ နိုင်ငံခြားဝင်ငွေ အနေ နဲ့ ကတော့ ခရီးသည်အပြင် flight cargo တွေကို လေ ကြောင်းတွေက ရှာပေးနေတာပဲ” ဟု MNA မှ CDM တစ်ဦးက ပြောပါတယ်။

စစ်အရာရှိဟောင်းများ ကြီးစိုးသည့် MNA

=========================

လက်ရှိမှာ ဝန်ကြီးဌာနနဲ့ MNA ထိပ်တန်း‌ ခေါင်းဆောင်ရာထူးတွေကို အရာရှိဟောင်းတွေနဲ့စစ်တပ်နဲ့ နီးစပ်တဲ့သူတွေကပဲ ကြီးစိုးထားပါတယ်။ MNA စီအီးအို ကပ္ပတိခုပ်ခန့်မုံ ဆိုရင်လည်း စစ်တပ်အသိုင်းအ၀ိုင်းကပါပဲ။ လာဘ်ပေးလာဘ်ယူတွေနဲ့ နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ ကျော်ဇေယျ (ဗိုလ်ကြီး/ငြိမ်း ) ၊ဒါရိုက်တာအဖွဲ့ဝင် သန်းထွန်း ၊ မန်နေဂျာ စိုးမြင့်အောင်(ဗိုလ်ကြီး/ငြိမ်း)တွေဟာလည်း MNA နာမည်ကျော် လာဘ်စားကြတဲ့ MNA ခေါင်းဆောင်ပိုင်း တွေဖြစ်ကြပါတယ်။

MNA ကို ပြည်သူများ သပိတ်မှောက်ကြရန်နှင့် NUG က အမည်ပျက်စာရင်း သွင်းရန်လို

=================================================

ပြည်သူတွေအနေနဲ့ စစ်ကောင်စီအတွက် ရပ်တည်ပြီး အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားလေ ကြောင်းလိုင်း MNA ကို အပြည့်အ၀ သပိတ် မှောက်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ MNA လေကြောင်းလိုင်းကို တတ်နိုင်သမျှ မစီးဘဲ သပိတ်မှောက်ဖို့ကြနဲ့ သပိတ် မှောက်ရေး Campaign တွေလည်းရှိသင့်တယ်လို့ MNA CDM ဝန်ထမ်းတွေက ဆိုပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း MNA မှာ ဦးဆောင်နေတဲ့ ဝန်ထမ်းတွေ အပါအဝင် အရာရှိတွေနဲ့ စီအီးအိုတွေ၊ ဒါရိုက်တာတွေကို အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာဖို့ လိုတယ်လို့ CDM ဝန်ထမ်းတွေက ဆက်ပြောပါတယ်။

Sun Far Travel and Tour ၊ Maing Fong Travel and tour ကုမ္ပဏီတွေနဲ့ တွဲဖက် စီးပွားရှာနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းဟာ ပြည်သူတွေ သပိတ်မှောက်ရမယ့် လေကြောင်းလိုင်း၊ NUG က အမည်ပျက်စာရင်း‌ ကြေညာရမယ့် လေကြောင်းလိုင်းဖြစ်တဲ့အပြင် စစ်တပ်အာဏာ တည်မြဲရေး ထောက်ပံ့နေတဲ့ ဒေါက်တိုင်ဖြစ်တာမို့ ပစ်မှတ်ထား အရေးယူမှုတွေနဲ့ ကြေညာမှုတွေ မဖြစ်မနေ လုပ်ဖို့ လိုနေပြီလို့ ထောက်ပြကြပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s