တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် Mask Campaign စစ်ကောင်စီက ဆက်တိုက် ပြန်လုပ်လာ

တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် သက်ဆိုင်ရာ မြို့နယ်များမှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့စည်းများက Mask Campaign ဖြန့်ဝေမှုများ ယခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ပြန်လည် ပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရေး အတွက်ဟုဆိုကာ ရက်ပိုင်းအတွင်းမှာ မြို့နယ်အလိုက် Mask Campaign ဖြန့်ဝေခြင်း အစီအစဉ်သည် ဟန်ပြလာလုပ်ပြခြင်းသာ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံများထံမှ သိရသည်။

ကော့သောင်းမြို့နေ ဒေသခံ တစ်ဦးက“ဒါက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့စည်းတွေက အထက်အရာရှိတွေကို ကြောက်လို့ မြို့ထဲရှိ လမ်းဆုံ လမ်းခွတွေမှာ ခဏလေးလာပြီး Mask တွေကို ဟန်ပြ လာဝေ ဓာတ်ပုံရိုက်ပြီး ပြန်သွားတာပဲ များတယ်”ဟု ပြော သည်။

အခုလို တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်-မြိတ်နှင့် ကော့သောင်းမြို့နယ်ရှိ လမ်းမကြီးများ၊ လမ်းဆုံများ၊ ဈေး နှင့် လူစည်ကားရာ နေရာများတွင် Mask Campaign ဖြန့်ဝေခြင်းပြုလုပ်သည့်နေရာများ၌ စစ်ကောင်စီ တပ်ဖွဲ့က အကြီးအကဲ အရာရှိများနှင့် ခရိုင်အဆင့် မြို့နယ်အဆင့်ရှိ တာဝန်ရှိသူတွေက လာရောက် ပြုလုပ်ချိန်တွင် လုံခြုံရေး အထပ်ထပ် ချထားပြီး ပြုလုပ်နေခြင်းကြောင့် တချို့ မြို့ခံများသည် ဖမ်းဆီးခံရမည့် စိုးရိမ်စိတ်ဖြင့် တော်ရုံနှင့် ထိပ်တိုက် မသွားရဲကြကြောင်း ဒေသခံများထံမှ သိရသည်။

“Mask အခမဲ့ ဖြန့်ဝေတယ် ဆိုပေမယ့် သူတို့ ရှိတဲ့နေရာတွေမှာက အရပ်ဝတ်တွေရော ယူနီဖောင်းတွေနဲ့ပါ လုံခြုံရေးတွေကများတော့ ပေးလည်း မယူရဲဘူး”လို့ မြိတ်မြို့က မြိတ်တောင်နယ်မြေရှိ ဒေသခံ တစ်ဦးက ပြော သည်။

ထိုသို့ စစ်ကောင်စီက သက်ဆိုင်ရာ မြို့နယ်များ၌ မြို့တိုင်း နီးပါးမှာ စီမံချက် ပုံစံမျိုး Mask Campaign ကို ပြုလုပ်ပြနေသော်လည်း တချို့သော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် Mask တပ်ဆင်၍ ဖြတ်သန်း သွားလာခြင်း ပြုလုပ်ပါက တင်းတင်းကျပ်ကျပ် စစ်ဆေးခံရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။

“ရောဂါကြောင့် ကိုယ့်ဟာကိုယ် ကာကွယ်ချင်ပေမယ့် မြို့ထဲမှာ ရှိတဲ့ လုံခြုံရေးချထားတဲ့ စစ်တပ်ရှိတဲ့ နေရာတွေမှာကတော့ Mask ချွတ်ခိုင်းတာ များတယ်၊ ဒါကြောင့်လည်း တချို့က မထူးဘူးဆိုပြီး မတတ်တာများတယ်”လို့ ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် ကိုဗစ်-ရောဂါ ကူးစက်မှုသည် တနင်္သာရီတိုင်းအတွင်း ကူးစက်မှု မြင့်တက်ခြင်း မရှိသေးသော်လည်း ထားဝယ်ခရိုင်ထဲတွင် တစ်ယောက်စ နှစ်ယောက်စ ကူးစက်မှု ရှိနေကြောင်း စစ်ကောင်စီ လက်အောက်ခံ တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s