တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးဟုဆို

စစ်ကိုင်တိုင်း၊ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးခန့် သေဆုံးကြောင်း တန့်ဆည် PDF တပ်ဖွဲ့ဝင်ထံက သိရသည်။

ယနေ့စက်တင်ဘာလ ၁၆ရက် နံနက် ၅နာရီ ၄၅မိနစ်ခန့်က တန့်ဆည်မြို့ မြောက်ဘက် ငါးမိုင်အကွာရှိ အုတ်ဖိုအိုင်ရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် တပ်မ(၃၃)မှ ‌စစ်ကောင်စီတပ် အင်အား ၆၀ခန့်ကို တန့်ဆည် PDF ရွှေဘိုခရိုင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇) ရဲဘော်များက လက် နက်ကြီးငါးလုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ သည်ဟု တန့်ဆည် PDF ထံက သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီ တပ်သားများ ရှေ့သို့ ဆက်တက်လာခဲ့ရာ အုတ်ဖိုအိုင်ရွာအဝင်တွင် တိုက်မိုင်းမိ၍ သုံးဦးခန့် ထပ်မံ သေဆုံးခဲ့ ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်တပ်က စစ်ကြောင်းထိုးလာလို့ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ပစ်တာ ငါးယောက်သေတယ်။ တိုက်ပွဲပြီးတော့ သူတို့ရှေ့ကိုဆက်တက်လာလို့ တိုက်မိုင်းမိပြီး သုံးယောက် ထပ်သေတယ်။ ပြီးတော့ ရွာထဲဝင်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အိမ်ခြေ အရေအတွက်တော့ မသိရသေးဘူး။ ဒေသခံတွေလည်း ပိတ်မိနေတယ်” ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၀ နာရီတွင် အုတ်ဖိုအိုင်ရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အုတ်ဖိုအိုင်ရွာရှိ ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒေသခံအချို့မှာ ပိတ်မိနေကြောင်း PDF ရဲဘော်ထံက သိရသည်။

တန့်ဆည်မြို့နယ်သည် ပြည်သူ့အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ နယ်တစ်ခု ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s