တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို ထောင်ဒဏ် ၂ နှစ် ချမှတ်၊ ဘီဘီစီသတင်း ထောက် မထက်ထက်ခိုင် ထောင်ဒဏ် ၃ နှစ်ချ မှတ်ခံရ၊ နိုင်ငံတစ် ဝန်း စစ်တပ်က ဖမ်းဆီးမှုများ ဆက်တိုက် လုပ်နေ

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် တရားရုံးက တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းကို ယနေ့တွင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း ဒေါ်ဧရာလင်းထွန်း၏ မိတ်ဆွေများထံမှ သိရှိရသည်။

၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ခရိုင်တရားရုံးမှအထွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်း ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဟင်္သာတအကျဉ်းထောင်တွင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းသည် ကျန်းမာရေး မကောင်းမွန်ကြောင်း သိရှိရသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွန်းသည် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM)၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ဧရာဝတီ တိုင်းတာဝန်ခံဖြစ်ကြောင်း သိရှိရသည်။

အလားတူ BBC Media Action မှ ထုတ်လုပ်သည့် ခံစားကြည့်အစီအစဉ်မှ ရုပ်သံတင်ဆက်သူ မထက်ထက်ခိုင်ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

မထက်ထက်ခိုင်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သြဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ၂ မှုထဲမှ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တရားရုံးမှ စွဲဆိုထားသည့် ၅၀၅(က) အမှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

မထက်ထက်ခိုင်မှာ ရုပ်သံတင်ဆက်သူအပြင် အလွတ်တန်းသတင်းထောက်၊ ရုပ်သံထုတ်လုပ်သူအဖြစ်လည်း အလုပ်လုပ်ကိုင်မှုရှိခဲ့သူတစ်ဦးဖြစ်ကြောင်း Media Action ၏ ထုတ်ပြန်ထားချက်အရတွေ့ရသည်။

အကြမ်းဖက်စစ်တပ်က သတင်းသမားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများကို ထောင်ဒဏ်ချမှတ်နေချိန် နိုင်ငံတစ်ဝန်းတွင်လည်း ဖမ်းဆီးမှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်သူ ကိုမျိုးမင်းဦးကို အကြမ်းဖက် စစ်ကောင်စီက စက်တင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၂နာရီခွဲဝန်းကျင်တွင်ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်ရှိ ၎င်း၏ အလုပ်တွင်လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကိုမျိုးမင်းဦးသည် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားတစ်ဦးလည်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလတုန်းကလည်း ဖမ်းဆီးခံခဲ့ရသေးပြီး အောက် တိုဘာလတွင် လွတ်ငြိမ်းဖြင့် လွတ်/ငြိမ်းဖြင့် လွတ်မြောက်လာရာမှ ယခု ထပ်မံဖမ်း ဆီး ခံရခြင်းဖြစ်သည်။

ထို့ပြင် စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းတွင်လည်း ကြက်စားပြင်ရပ်ကွက်ရှိ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ဝေယံထွန်းကို ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် ထားဝယ် လူငယ်သပိတ်ကော်မတီဝင်နှစ်ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် မောင်အောင်ကိုကိုလွင်နှင့် အသက်၂၀အရွယ် မောင်ဟိန်းဇေအောင်တို့ကို ဖမ်းဆီးသွားခဲ့သေးကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

” သူတို့ကိုဖမ်းဆီးပြီးဘယ်ကိုခေါ်သွားတယ်ဆိုတာကိုစုံစမ်းနေဆဲပါ။ မိသားစုနဲ့လည်းအဆက်သွယ်မရသေးဘူးလို့သိရပါတယ်”ဟု ထားဝယ်သပိတ်ကော်မတီဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ လူငယ်သပိတ်ကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် ရန်ကုန် လူထုသပိတ်အဖွဲ့ဝင် SMVTI Vocational Training Institute မှကျောင်းသား မောင်ဇွဲထက်ကို မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ အဆောင်တစ်ခု၌ အကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်းဖြင့်စက်တင်ဘာ ၆ ရက်နေ့တွင် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦးလည်း အဆိုပါ အဆောင်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ကြားသိရကြောင်း ရန်ကုန်လူထုသပိတ်‎အဖွဲ့ထံမှ သိရှိရသည်။

မန္တလေးတွင်လည်း Voice Of Mandalay မြေပြင် ထောက်လှမ်းရေးအဖွဲ့၏ Admin တစ်ဦးဖြစ်သူ မယုဝေမြင့်ကို စစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

” စက်တင်ဘာ ၂ ရက်နေ့ညက တစ်ယောက်ပါသွားတယ်။ UG တစ်ဦး။ ဧည့်စာရင်း စစ်ရင်း ပါသွားတယ်။ စက်တင် ဘာလ ၄ ရက်နေ့မှာ မဝေ။အခု ရက်ပိုင်း ဆက်တိုက်ပါနေတာ” ဟု VOM ၏ Admin တစ်ဦးက ပြောသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက် ၊သရက်ချောင်းကားကွင်းလမ်းအောက်ဘက်ရှိ နေအိမ် များကို စစ်တပ်က စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်း ဧည့်စာရင်းစစ်ပြီး သူနာပြု တက္ကသိုလ်ကျောင်းသူ တချို့အပါအဝင် ပြည်သူ ၅ ဦးခန့် ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။

“လမ်းကြားထဲကို စစ်ခွေး ကား ၉ စီးလောက်ဝင်လာပြီး သူတို့စစ်ချင်တဲ့အိမ်ဝင်စစ်ပါတယ်။တံခါးမဖွင့်ပေးတဲ့အိမ်တွေ ကိုလည်း အော်ဟစ်ဆဲဆိုပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s