တူမီးထီ အပတ်စဉ် (၄) မှရရှိသော ကန်ဒေါ် လာ ၂,၀၀၀ ကျော်ကို ကာကွယ်ရးနှင့် စစ်ရှောင်အဖွဲ့များသို့ ပေးအပ်

တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ် (၄) မှ ရရှိလာသောရန်ပုံငွေအား ချင်းကာကွယ်ရေးတပ်ဖွဲနှင့် စစ်ဘေးရှောင်ကူညီရေး အဖွဲ့များအား ခွဲဝေပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ထီရောင်းရငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃,၂၅၅ ရရှိခဲ့ပြီး ဆုကြေးပြန်လည်ပေးအပ်ငွေ ဒေါ်လာ ၈၀၀ နှင့် Promotion & Agents အ တွက် ဒေါ်လာ ၁၉၅ ကို အသုံးပြုခဲ့ပြီးကျန်ရှိသည့် ကန်ဒေါ်လာ ၂,၂၆၀ ကို ခွဲဝေပေးခဲ့ခြင်းဟုဖော်ပြထားသည်။

ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အား အမေရိကန်ဒေါ်လာ ၁၀၀၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (အရှို) သို့ ကန်ဒေါ်လာ ၄၂၀၊ ဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင် များအတွက် ကန်ဒေါ်လာ ၄၂၀ နှင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်များအတွက် ကန်ဒေါ်လာ ၄၂၀ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဉီးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program – CRFP ) မှရောင်းချသော ချင်းဒီဂျစ်တယ်ထီဖြစ်သည်။

CRFP သည် တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေးအလွန်ကာလများအတွက်ပါ လိုအပ်သည့်ရန်ပုံငွေများကို တစ်ဖက်တစ်လမ်းမှရှ ာဖွေပေးရန် မူဝါဒများနှင့် စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။

တူမီးထီ အပတ်စဉ် (၅) အတွက် ထီလက်မှတ်များရောင်းချလျက်ရှိနေပြီး Website (သို့မဟုတ်) Phone Application မှတစ်ဆင့် လက်မှတ်တစ်စောင်လျှင် အမေရိကန်ငါးဒေါ်လာဖြင့် ကံစမ်းနိုင်ကြပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် ထီဖွင့်မည်ဖြစ် ကြောင်းထုတ်ပြန်ထားသည်။

အာဏာရှင်စနစ်အား အပြည့်အဝတော်လှန်နိုင်ရမည်ဟူသည့် ယုံကြည်ချက်ဖြင့် တူမီးထီကိုအားပေးကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ချင်းတော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာငွေလိုအပ်ချက်များအတွက် တူမီးထီကိုထိုးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s