မြန်မာစစ်ဘေးရှောင်များအတွက် ယုံကြည်စိတ်ချရသည့် ပြည်လည်နေရာချထားမှုမရှိပါက နေရပ်သို့ ပြန်လည် ပို့ဆောင်မည်မဟုတ် ဟု မီဇိုရမ် အစိုးရဆို

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအတွက် ယုံကြည်စိတ်ချရသည့် ပြန်လည်နေရာချထားရေး အစီအစဉ်မရှိပါက နေရပ်သို့ ပြန်လည်ပို့ဆောင်မည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရကိုယ်စားလှယ်များက ဗဟိုအစိုးရသို့ ပြောဆိုခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၁၅ရက်နေ့ ထုတ် The Aizawl Post နေ့စဉ် သတင်းစာတွင် ဖော်ပြသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့က နယူးဒေလီမြို့တွင် ရောက်ရှိနေသည့် မီဇိုရမ်အစိုးရ အဖွဲ့ State Planning Board ဒုတိယ ဥက္ကဋ္ဌ H . Rammawi သည် အိန္ဒိယ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းရေးမှူး Smita Pant နှင့် တွေ့ဆုံစဉ် မြန်မာစစ် ဘေးရှောင်များနှင့် ပတ် သက်၍ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်း ပြီးနောက် စစ်ကောင်စီမှ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုများအပြင် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား အများအပြား ခိုလှုံလျက်ရှိနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မီဇိုရမ်အစိုးရ နှင့် မြန်မာစစ်ကောင်စီတို့ နှစ်နိုင်ငံနယ်စပ်ရှိ နေရပ်စွန့်ခွာလာသူများ ပြန်လည် ပို့ဆောင်ရေးနှင့် နေရာ ချထားရေး တို့အတွက် တာဝန်ရှိအဖွဲ့အစည်းများမှ သယ်ယူပို့ဆောင်ရေး ၊ လုံခြုံရေးတို့အပါအဝင် အခြား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် နှင့် နှစ်နိုင်ငံဗဟို အစိုးရအဆင့် ဆက်လက် ဆွေးနွေးရန်ပါဝင်သည့် ကြေးနန်းစာတစ်စောင် ပေါက်ကြားခဲ့သည်။

ထိုကဲ့သို့အခြေအနေများတွင် မြန်မာစစ်ဘေးရှောင်များ နေရပ်ရင်း ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ မီဇိုရမ်အစိုးရ၏ သဘောထားကို အိန္ဒိယ ဗဟိုအစိုးရ ထံ မီဇိုရမ်အစိုးရ အဖွဲ့ State Planning Board ဒုတိယ ဥက္ကဋ္ဌ H . Rammawi ပြောဆို လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်များအား မီဇိုရမ်အစိုးရမှ ကလေးများပညာသင်ကြားရေးအပါအဝင် စစ်ဘေးရှောင် စခန်းများဖွင့်လှစ်ပေး၍ နေထိုင်ခွင့်များပေးထားသော်လည်း နေ့စဉ် စားဝတ်နေရေးကိစ္စများတွင် စေတနာရှင်အဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့ များကို မှီခိုနေကြရပြီး အခက်အခဲများစွာတွေ့ကြုံနေရလျက်ရှိနေသည်။

ထို့အပြင် မူးယစ်ဆေးဝါးဖမ်းဆီးရမှု တိုးပွားလာနေခြင်းကြောင့် ဒေသခံ အချို့မှ စစ်ဘေးရှောင်များအပေါ် အမြင်မကြည်လင်မှုများရှိနေသော် လည်း မီဇိုရမ်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးပြဿနာနှင့် စစ်ဘေးရှောင် ဆက်နွယ်ခြင်းရှိသည့် အထောက်အထား မရှိကြောင်း ထုတ် ဖော်ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်တွင် အကူအညီပေးရေးအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပြောဆိုချက်များအရ မြန်မာစစ်ဘေးရှောင် ၄၀,၀၀၀ ခန့်ခို လှုံလျက်ရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s