မြောက်ဒဂုံ ၃၉ ရပ်ကွက်ရုံးကို အဝေးထိန်းဗုံးဖြင့် ဗုံးခွဲတိုက်ခိုက်၊ တောင်ဒဂုံ၊ လှိုင်သာယာနှင့် မရမ်းကုန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၉ ရပ်ကွက်ရုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ညပိုင်းအချိန်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Special Nway Oo မြို့ပြပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၉ ရပ် ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေ အနေကို မသိရဘဲ ပျောက်ကျားတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးပေါက်ကွဲသံတော့ကြားတယ်။ ည ၁၀ နာရီလောက်ဆို လမ်းပေါ်မှာ လူသွားလူလာ နည်းနေပြီ။ စစ်ခွေးတွေနဲ့ ကင်းပုန်းတွေပဲ လမ်းပေါ်မှာများတော့ အပြင်လည်းထွက်မကြည့်ဖြစ်ဘူး။ ဗုံးကွဲသံကတော့ အတော်ကျယ်တယ်” ဟု မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ည ၁၀ နာရီ ၅ မိနစ်အချိန်၊ လှိုင်သာယာမြို့နယ်တွင် ယနေ့ ည ၉ နာရီအချိန် ၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ ည ၈ နာရီခွဲအချိန်တို့တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s