သာ​ကေတတွင် ပစ်ခတ်မှုဖြစ်ပွား စစ်​ကောင်စီသတင်း​ပေး သေဆုံး

ရန်ကုန်တိုင်း၊ သာ​ကေတမြို့နယ်၊ (၂)ရပ်ကွက်၊ အ.မ.က ၃ ​​ကျောင်းအနီးတွင် ယ​နေ့ စင်တင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်က ပစ် ခတ်မှုတစ်ခု ဖြစ်ပွား​​ကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး သိရှိသူတစ်ဦးကလည်း ယခုလို​ပြောသည်။

“နှစ်​ယောက်ပစ်ခံရတာပဲ၊ တစ်​ယောက်က ပွဲချင်းပြီးတယ်၊ ကျန်တဲ့တစ်​ယောက်က​တော့ ဒဏ်ရာရရုံ​လောက်ပဲ၊ ​သေတဲ့သူက စစ်​ကောင်စီသတင်း​ပေးလုပ်​နေတာ၊ နာမည်​တွေက ထွက်​နေပြီ၊ ရှင်းသွား​တော့လည်း ​စကစဒေါက်တိုင်ပြုတ်သွား​တော့​ပေါ့။ အဲ့လိုဖြစ်​စေချင်တာ​တော့ကြာလှပါပြီ။”ဟု ​ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးမှာ လမ်းဆုံတစ်ခုတွင်ရှိ​နေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ​သေဆုံးသူမှာ ဦး​ခေါင်းတစ်ဝိုက်ကျည်ထိမှန်သဖြင့်​​ ​သေဆုံးခဲ့ပြီး၊ ​နောက်တစ်ဦးမှာ ​ခြေ​ထောက်ကျည်ထိ ဒဏ်ရာရခဲ့​ကြောင်း ဆိုသည်။

အဆိုပါပစ်ခတ်မှုအား မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်​ကြောင်း လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

ဖြစ်စဥ်ဖြစ်ပွားပြီး​နောက် ပစ်ခတ်မှုဖြစ်ခဲ့​​သော​နေရာသို့ စစ်​ကောင်စီတပ်သား အင်အားအများအပြားဖြင့်​ ရောက်ရှိလာခဲ့သလို သာ​ကေတမြို့နယ်တွင်း၌လည်း ကင်းလှည့်ပတ်​ကာ ရှုပ်​​ထွေး​နေ​ကြောင်း ​ဒေသခံအချို့​ပြောကြားချက်အရ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s