အပေါက်ဝရဲစခန်းမှ ဒုရဲအုပ်ကို ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို စက်တင်ဘာလ ၁၅ရက်နေ့ နေလယ် ၂ နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အပေါက်ဝရဲစခန်းမှ ကျောက်တော်မြို့သို့ သွားရန် ကယ်ရီဖြင့် သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အပေါက်ဝ ကျေးရွာသားတစ်ဦးက ပြော သည်။

“ သူက ကျောက်တော်မြို့ကို သွားဖို့ ဆိုင်ကယ် ငှားစီးတယ်လို့ သိရတယ်။ အဲဒီမှာ ကယ်ရီက သူကို တစ်ခါတည်း ခေါ်သွားတာ၊ AA ကဖမ်းသွားတယ်လို့ ပြောကြတယ်။” ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ဒုရဲအုပ်မှာ အပေါက်ဝ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ မကြာသေးကြောင်းလည်း နောက်ထပ် ကျေးရွာသားတစ်ဦးကပြောသည်။

“ သူ့နာမည်နဲ့ အသက်ကိုတော့ မသိဘူး၊ သိတာက သူဒီစခန်းမှာ တာဝန်ကျတာ သိပ်မကြာသေးဘူးလို့ သိရတယ်၊ ဘာကြောင့် ဖမ်းသွားတာလဲ ဆိုတာကို ကျနော်တို့လည်း ပြောဖို့ ခက်တယ်။” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အပေါက်ဝ ကျေးရွာမှာ တည်ငြိမ်လျက်ရှိပြီး စစ်ဆေးမူတစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်အနေဖြင့် အင်းအားဖြည့်တင်းခြင်း၊ရိက္ခာစုဆောင်းခြင်းများရှိနေသည်အတွက် AA ဖက်မှ ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်း ခရီးသွားများအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေခြင်းဖြစ်သည်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s