အာဏာသိမ်းပြီးနောက် ရဲနှစ်ဒါဇင်ခန့် လစဉ် ပုံမှန် သေဆုံးနေ

စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ နိုင်ငံတဝှမ်းတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် လစဉ် သေဆုံးနေသည်ဟု ပြီးခဲ့သည့် ဩဂုတ်လအတွင်း နေပြည်တော်၌ ပြုလုပ်သည့် နေပြည်တော် ရဲချုပ်ရုံး အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

၂၀၂၁မှ ယခုနှစ် ဇူလိုင်လအထိ ရဲတပ်ဖွဲ့ဝင် ၃၆၀ဦး သေဆုံးခဲ့ကြောင်း၊ လစဉ် ပုံမှန်သေဆုံးသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ ၂၀ ဦးမှ ၂၆ဦး အထိရှိနေကြောင်း ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်က ထို အစည်းအဝေးတွင် ပြောသည်ကို Myanmar Now က ရရှိထားသည့် အဆိုပါ အစည်းအဝေးမှတ်တမ်း တွင် တွေ့ရသည်။

“ယခုကာလသည် သာမာန်အချိန်ကာလမဟုတ်ဘဲ အရေးပေါ်ကာလဖြစ်၍ မိမိကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့ဝင်များအား စနစ်တကျဖြင့် သွားလာနေထိုင်နိုင်ရေး သေချာစွာ ကြပ်မတ် ဆောင်ရွက်သွားရန် ပြောလိုကြောင်း၊ သေဆုံးမှုများနှင့်ပတ်သက်၍ လစဉ်လစဉ် ၂၀/၂၆ ယောက် ဝန်းကျင် ကျဆုံးနေသည်ကို တွေ့ရှိရကြောင်း” ဗိုလ်ချုပ် ဇင်မင်းထက်က ပြောခဲ့သည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ရဲတပ်သားသစ် စုဆောင်းရရှိမှု လျော့နည်းသွားသည်ကို လည်း ရဲအရာရှိကြီးများနှင့် ပြုလုပ်သည့် ထိုအစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်သူ ၎င်းက ဝန်ခံထားသည်။

ဖိအားပေး စုဆောင်းနေသော်လည်း ၂၀၂၂ခုနှစ်အတွင်း ရဲတပ်သားသစ် ၁၇၄၀ ဦးသာ စုဆောင်း နိုင်ချိန်တွင် အကြောင်းအမျိုးမျိုးဖြင့် ရဲတပ်ဖွဲ့အတွင်း ပြုန်းတီးနေသည့် အင်အားမှာ တိုးလာနေသည် ဟု ရဲချုပ်က ဆိုသည်။

သင်တန်းကာလအတွင်း ထွက်ပြေးသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပစ်မှုကျူးလွန်သူ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ် ဇွန်လအတွင်း ၃၈၇ ဦး၊ ဇူလိုင်လအတွင်း ၄၇၁ဦး ပြုန်းတီးသွား သည်ဟု ၎င်းက ဆက်ပြောသည်။

“အင်အားပြုန်းတီးမှုများနှင့်ပတ်သက်၍ ပြုန်းတီး(၇)မျိုး ရှိပြီး ဇွန်လအတွင်း ၃၈၇ယောက်၊ ဇူလိုင်လအတွင်း ၄၇၁ယောက် ရှိသဖြင့် ပြုန်းတီးအင်အားမှာ ၈၄ယောက် ပိုသွားခဲ့ကြောင်း၊ ရဲပြေးအနေဖြင့် ဇွန်လအတွင်း ၈၅ယောက်၊ ဇူလိုင်လအတွင်း ၁၅၃ယောက် ရှိ၍ ရဲပြေး ၆၈ ပိုသွားခဲ့ကြောင်း” ရဲချုပ်က ထုတ်ဖော်ပြောဆိုသည်။

ထို့အတူ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဒဏ်ရာရသည့် ရဲ စုစုပေါင်း ၁၁၄၂ ဦး ရှိသည်ဟုလည်း လျှို့ဝှက်ဟု ရေးသားထားသည့် အ စည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

လက်ရှိတွင် နိုင်ငံအနှံ့ ခုခံမှုများကြောင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက ရဲများကိုပါ စစ်ဆင်ရေးထွက်ခိုင်းနေရချိန်တွင် တပ် ဖွဲ့အတွင်း ပြုန်းတီးမှုများများလာခြင်းဖြစ် ကြောင်း နေပြည်တော်တွင် တာဝန်ထမ်းနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

“စစ်တပ်နဲ့ပေါင်းပြီး စစ်ဆင်ရေးလုပ်ရတော့ ဆက်မလုပ်ချင်ဘူး။ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်တာ ရှိသလို အခုနောက်ပိုင်း ရဲပြေးတွေ များလာတယ်။ CDM လုပ်ရင် မိသားစုကို ဒုက္ခပေးတာဆိုတော့ ရဲပြေးပဲ လုပ်ကြတာ များတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းက ပြောသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s