အိမ်မဲတွင် လောင်းကစားဝိုင်းများဖြင့် စည် ကားနေပြီး ကစားသူများကို ရဲစခန်းက ထမင်းကျွေး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ကန်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မင်းက ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး လောင်းကစားဝိုင်းများကို ဖိတ်စာဖြင့် ဖိတ်ကြား ဖွင့်လှစ်လိုက်ပြီး အပတ်စဉ် ပြုလုပ်မည်ဟု ကြေညာထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မင်းက နယ်ထိန်းရဲ ဇော်လွင်စိုးနှင့်ပူးပေါင်း၍ တောင်ကန်ကျေးရွာတွင် ကြက်တိုက်ပွဲအပါအဝင် လောင်းကစားဝိုင်းများကို ဖိတ်စာ ဖိတ်ကြား၍ ဖွင့်လှစ်ခဲ့ကြောင်း၊ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကြက်တိုက်ပွဲများနှင့် လောင်းကစားဝိုင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဗိုလ်မင်းက အရင်ကအုပ်ချူပ်ရေးမှူးဟောင်း။ ၂၀၁၉ ခုနှစ်လောက်က သမချေးငွေ၊ စိုက်ဘဏ်ငွေတွေကို ရွာကလူနာမည်တွေနဲ့ ငွေတွေ လိုက်ထုတ်ပြီး သူက သုံးတယ်။ နောက်တော့ ပြန်မဆပ်နိုင်လို့ အုပ်ချူပ်ရေးကနေ နုတ်ထွက်ပြီး ရွာကနေရှောင်ပြေးသွားတာ။ ရှောင်ရင်းနောက်မိန်းမရတယ်။ မိန်းမက ၃ယောက်ရှိပြီ။ အခုက နောက်ဆုံးမိန်းမနဲ့နေတာ။ လောင်းကစားသမားနာမည်ကြီး သူ့ကို မသိသူ မရှိဘူး။ ခေတ်မကောင်းတဲ့အချိန် နယ်ထိန်းရဲခွေး ဇော်လွင်စိုးနဲ့ပေါင်းပြီး တောင်ကန်ရွာဘက်မှာ ကစားဝိုင်းတွေလုပ်စားနေတာ။ အခုတောင်ကန်ရွာ အုပ်ချူပ်ရေးမှူးကလည်း သူညီဝမ်းကွဲပဲ။ နာမည်ခံပဲရှိတာပါ။ အဓိက သူက အုပ်ချုပ်တာ။ အခုသူကလောင်းကစားကိုဖိတ်စာတွေနဲ့ ပေါ်ပေါ်တင်တင် လုပ်နေပါတယ်။ ပြီးတော့ သူ့လောင်းကစားဝိုင်းတွေကိုလည်း စစ်ခွေးတွေရော ရဲခွေးတွေပါ အားပေးအားမြောက်လုပ်နေကြတယ်။ နိုင်ငံရေးမလုပ်နဲ့ PDF မလုပ်နဲ့။ ကြိုက်ရာလုပ်ဆိုတဲ့သဘောပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို စစ်တပ်နှင့်ရဲများက ခွင့်ပြုလာနေခြင်းသည် နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ စစ်ကောင် စီက စီမံချက်သဘောပုံစံမျိုးဖြင့် နှစ်လုံးထီ၊ လောင်းကစားဝိုင်း၊ သုံးလုံးထီ၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်းများကို စစ်အာ ဏာသိမ်းပြီးနောက်ပိုင်း ထိန်းချုပ်မရှိတော့ဘဲ လုပ်ကိုင်ခွင့်ပြုထားကြောင်း ပြည်သူများက ပြောဆိုကြသည်။

ဧရာတီတိုင်း၊ အိမ်မဲမြို့နယ်၊ ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာတွင် ဥပဒေမဲ့ လောင်းကစားဝိုင်းများ ခြောက်ကောင် ကြက်ဝိုင်းများအ ပါအဝင် လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိ‌ပြီး လာရောက် လောင်းကစားကြသူများကို လူကောင်းကျွန်းရဲစခန်းက ထမင်းကျွေးမွေးကြောင်း သိရှိရသည်။

“ကြက်ခြောက်ကောင် သီးသန့်ဝိုင်း၊ စနေ အပတ်တိုင်းလုပ်တာ။ ၃ လကျော်နေပြီ။ ခြောက်ကောင် သုံးဝိုင်း၊ ကြက်တစ်ဝိုင်း၊ စုံမ တစ်ဝိုင်း၊ ထ မင်းဆိုင်တွေတောင်ရှိသေးတယ်။ မူးယစ်ဆေးဝါးတွေလည်းပေါတယ်။ ကွမ်းယာဆိုင်မှာ ပဲလှော်ဝယ်သလို ဝယ်လို့ရတယ်။ ငွေ ၂၀၀၀ ဆိုရင် ဆေးပြား ရနေပြီ။ တကယ့်ကို ပေါပေါလောလောပဲ ရောင်းနေကြတာ။ လူငယ်တွေကြားထဲမှာလည်း အသုံးများကြတယ်။ လောင်းကစားဝိုင်းကတော့ ပုံစံမျိုးနဲ့ရှိနေတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင်လည်း နှစ်လုံးထီနှင့် သုံးလုံးထီ၊ လောင်းကစားဝိုင်းများ ပေါ်ပေါ်တင် ပုံစံဖြင့်လည်းကောင်း၊ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့်လည်းကောင်း ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်နေပြီး စစ်တပ်နှင့်ရဲဘက်က အရေးယူမှုမရှိဘဲ လိုင်းကြေးယူ ဖွင့်လှစ်ခွင့်ပြုနေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s