ကသာမြို့နယ် ၅ ရက်တာတိုက်ပွဲအတွင်း စစ် တပ်ဘက်မှ ၂၀ ကျော်သေဆုံး၊ ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများဖြစ်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင် ဘာ လ ၁၆ ရက်နေ့ အထိဖြစ်ပွားသော ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် မှ ၂၀ ကျော်သေဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကသာမြို့နယ်၊ကသာမြို့ အ ထက် ဘက် မိုးတားတိုက်နယ် အတွင်း ဒေသကာကွယ်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်များအကြား ၅ ကြိမ်ထက်မနည်း ၅ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် မိုးတားလေးမှ ကသာမြို့သို့ အပြန် စစ်ကြောင်းထိုးလာခဲ့ရာ မိုင်းကွင်းများကို ရှောင်ကွင်း၍ မြစ်ကမ်းပါးယံများအတိုင်း လျှောက်လှမ်း ချီတက်ကြသော်လည်း ကမ်းပါးပြိုကျ၍ စစ်သား ၁ ဦး ရေနစ်သေဆုံးကြောင်း သိရှိရသည်။

“Drone တွေနဲ့လည်း ကျွန်တော်တို့ ချနေပါတယ်။ စစ်ခွေးတွေက ကျင်းအကျယ်ကြီးတူးပြီး စစ်ခွေးအသေတွေမြုပ်ထားခဲ့တယ်။မြေစာပုံပေါ်မှာ RPG သီးနှစ်လုံးစိုက်ထားခဲ့ တော့ အန္တရယ် ရှိမယ်ထင်လို့ မတူးဖော်တော့ဘူးဗျ” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

၅ ရက်တာ ကသာမြို့ အနောက်ဘက်ကမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်တွင် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁ ၊ ခမရ ၂ ၊ ခမရ ၈ ၊ ခမရ ၁၀၂ တပ်ရင်းများက မြွေသုံးကောင်ဘုရားအနီးမှာ ကျူးကျော်ကာထိုးစစ်ဆင်လာ၍ KNLA တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း ၊စက်တင်ဘာလ (၁၅) ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s