စစ်ကိုင်း ဆင်မြေရွာက စစ်တပ်သတင်းပေး ပျူနှစ်ယောက်ကို၊ ဇေယျာညီနောင်က သုတ် သင်ရှင်းလင်း

စစ်ကိုင်းမြို့ ဆင်မြေကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီး နှစ်ယောက်ကို၊ ဒေသအခြေစိုက် ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့က ယနေ့ပစ်သတ်ရှင်းလင်းသွားကြောင်း သတင်းရရှိသည်။

“တစ်ကောင်က နန်းအောင်သူ၊ နောက်တစ်ကောင်က ဖြိုးမင်းသူလို့ခေါ်တယ်၊ နှစ်ကောင်စလုံးက စစ်တပ်သတင်းပေး ပျူသင်တန်းဆင်းတွေ၊ ဒီနှစ်ကောင်ကြောင့် ကျွန်တော်တို့ဘက်တော်သားတွေအဖမ်းခံရတာများနေပြီ၊ ဒီနေ့တော့ နှစ်ကောင်စလုံးကို ဇေယျာညီနောင်က ရှင်းပစ်လိုက်ပြီ” ဟု စစ်ကိုင်းတော်လှန်ရေးအင်အားစုမှ သတင်းရင်းမြစ် တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဆင်မြေကျေးရွာမှာနေပြီး၊ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီအတွက် သတင်းပေးဒလန်လုပ်နေတယ်ဆိုတဲ့ နန်းအောင်သူနှင့် ဖြိုးမင်းသူတို့ကို ဒေသအခြေစိုက် ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် ပစ်သတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့လက်ချက်ဖြစ်ကြောင်းလည်း ဇေယျာညီ နောင်က သတင်းထုတ်ပြန်သည်။

၎င်းတို့အနေနှင့် အဆိုပါပျူစောထီးအဖွဲ့၀င်နှစ်ဦးအား ရှင်းလင်းရန် ခိုင်မာသည့်အကြောင်းပြချက်များ ရှိတာကြောင့်၊ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အကြောင်းပြချက်(၁) စကစဒေါက်တိုင် ပျူအဖွဲ့၀င် ဒလန် နန်းအောင်သူသည်၊ ၎င်း၏သမီး မင်္ဂလာပွဲကျင်းပရန်၊ လုံခြုံရေးအဖြစ် စစ်ကောင်စီတပ် သားအင်အား ၂၀ ကို၊ နှစ်ညတာ ညအိပ်ခေါ်စေ၍၊ မင်္ဂလာပွဲကျင်းပခဲ့သည်ကို အခိုင်အမာတွေ့ရှိခဲ့ရသည်။ အကြောင်းပြချက်(၂) ဆင်မြေကျေးရွာအတွင်းရှိ စျေးဆိုင်တစ်ဆိုင်မှ ပစ္စည်းများကို စကစအဖွဲ့နှင့်ပူးပေါင်း၍ အဓမ္မယူဆောင် သွားခြင်းများပြုလုပ်ခဲ့သည်။ နန်းအောင်သူ၏ သတင်းပေးမှုကြောင့် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ဒီမိုကရေစီဘက်တော်သားများ အချို့ဖမ်းဆီးခံခဲ့ရပြီး၊ အချို့မှာတိမ်းရှောင်နေကြရသည်။ အထက်ပါ ခိုင်မာသည့်အကြောင်းပြချက်များဖြင့် နွေဦး တော်လှန်ရေးလှုပ်ရှားမှု၏ ခလုပ်ကန်သင်းဖြစ်သော စကစဒေါက်တိုင် ပျူအဖွဲ့၀င် ဒ လန်နန်းအောင်သူကို ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့က ယနေ့ပင် မြေပေါ်မှအပြီးတိုင်ဖယ်ရှားပေးခဲ့ပြီးဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ ဖြိုးမင်းသူကိုလည်း စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့၀င်အဖြစ်လုပ်ဆောင်နေကြောင်း အခိုင်အမာ သတင်းအရ သုတ်သင်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ဖြိုးမင်းသူသည် ပျူခေါင်းဆောင် သိန်းကျော်(ခ)စ်ိမ်းတုံးထံ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုသတင်းများကိုပေးပို့၍၊ စကစဒေါက်တိုင်အဖြစ်ရှိနေခဲ့ပြီး၊ သိန်းကျော်(ခ)စိမ်းတုံးအား ဇေယျာညီနောင်မှ ဖားကန့် အထိလိုက်လံရှင်းလင်းပြီးနောက်ပိုင်းတွင် ပျူအဖွဲ့၀င် နန်းအောင်သူနှင့်ချိတ်ဆက်၍ စစ်ကောင်စီ ဒေါက်တိုင်အဖြစ်ဆက်လက်လုပ်ဆောင်နေကြောင်း အခိုင်အမာတွေ့ရှိရသည့်အ တွက် တစ်ဆက်တည်း ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဇေယျာညီနောင်ကဆိုသည်။

အဆိုပါ သုတ်သင်ရှင်းလင်းမှုတွင် ဆင်မြေကျေးရွာနေ ပျူစောထီးအဖွဲ့၀င်အေးကျော်နှင့် ကုလားကြီးတို့ နေအိမ်ကိုလည်း ၀င်ရောက်ရှာဖွေခဲ့သေးကြောင်း၊ လူမတွေ့သဖြင့် အလင်း၀င်ရန်သတိပေးခဲ့ကြောင်းလည်းသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s