ပန်းပင်နီလမ်း၌ ဖမ်းဆီးခံထားရသူများအား ကြည့်မြင်တိုင်ရဲစခန်း၊ ရေကြည်အိုင်နှင့် ရွှေပြည်သာစစ်ကြောရေးများသို့ ပို့ဆောင်ထား

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း) ၌ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက UN အားတောင်းဆိုသည့် လှုပ်ရှားမှုပြုလုပ်ရာမှ ဆန္ဒပြပွဲအတွင်း ပါဝင်သော ၁၅ ဦးကျော်အား စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိအချိန်တွင် ၎င်းတို့အား ကြည့်မြင်တိုင်ရဲစခန်း၊ ရေကြည်အိုင်နှင့် ရွှေပြည်သာစစ်ကြောရေးများသို့ နေရာများခွဲကာ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာ အမည်ခံ ဖေစ့်ဘွတ် ပေချ့်အချို့နှင့် တယ်လီဂရမ် ချန်နယ်တို့တွင် အဆိုပါနေ့က ဖြစ်စဉ်အား “ကြည့်မြင်တိုင်တွင် ဆူပူလှုံ့ဆော် ဆန္ဒပြသူ ၂၇ ဦးဖမ်းမိ”၊ အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ကိုးဦးတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဖော်ပြထားသည်။

ယခုတစ်ခေါက် ပန်းပင်နီလမ်းတွင်ပြုလုပ်ခဲ့သော ဆန္ဒပြတောင်းဆိုပွဲအား လူ ၃၀ဦးဝန်းကျင်ခန့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲပြုလုပ်ခဲ့သည့် ရေဘဝဲ(ပြည်သူ့အကျိုးပြုအဖွဲ့အစည်း) ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ၁၅ ယောက်ကျော် အဆက်အ သွယ်ပြတ်တောက်နေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက် ၂၇ ဦးဖြစ်လျှင် ဤသည်မှာ အဖွဲ့ဝင်ရဲဘော်များသာမက ပြည်သူများပါ ပါဝင်နေနိုင်ကြောင်း ရေဘဝဲ(ပြည်သူ့အကျိုးပြုအဖွဲ့အစည်း) ၏ ဥက္ကဋ္ဌ က ပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရေဘဝဲအဖွဲ့မှ ခြောက်ဦးဖမ်းဆီးခံခဲ့ရသည်။ ထိုသူများ၏အ ချက်အလက်ကို အုပ်ထိန်းသူများ၏ တောင်းဆိုချက်အရ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှလည်း ၎င်းတို့၏ အဖွဲ့ဝင် ငါးဦးဖြစ်သောဦးနေမင်းထွန်း (ခ) မေကဗျာ (မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- BWFM) ၊ ဦးအေးချမ်းအောင် (မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် – BWFM) ၊ ဒေါ်ဇူးဇူးရာခိုင် (မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- IWFM) ၊ ဒေါ်ယမင်းကေသွယ်ခိုင်( မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- IWFM) ၊ ဦးသန်းဇော် (ယာဉ်မောင်း) တို့ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို) ၊ Myanmar Labour Alliance ၊ ဗမာ့လူငယ်ကွန်ရက် ၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ ကျောင်းသားများသမဂ္ဂ ၊ Owl Community ၊ သတင်းထောက်များ အစရှိသောအဖွဲ့အစည်းအသီးသီးမှ အမျိုးသမီး၊ အမျိုးသား၊ LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ စုစုပေါင်း ၁၅ ယောက်ကျော် ပါဝင်နေကြောင်း သိရသည်။

သို့သော် စစ်ကောင်စီမှ ၎င်းတို့ထုတ်ပြန်ချက်အတိုင်း အဆိုပါဖြစ်စဉ်မှ ၂၇ ဦးဖမ်းမိကြောင်းနှင့် ၎င်းတို့ထဲမှ ပြည်သူသက်သက်၊ ညှိနှိုင်းရနိုင်သူနှင့် လုံးဝလွှတ်ပေးလို့မရနိုင်သူဟု အဖွဲ့ခွဲကာ ကြည့်မြင်တိုင်ရဲစခန်း၊ ရေကြည်အိုင်နှင့် ရွှေပြည်သာစစ်ကြောရေးသို့ အသီးသီးပို့ဆောင်ထားကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s