သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကိုယ် စားလှယ်အဖြစ် ဆက်လက်ခန့်ထားရေးအ တွက် လမ်းလျှောက်ဆန္ဒပြပွဲ

ကုလသမဂ္ဂရုံးချုပ်အခြေစိုက်ရာ နယူးယောက်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးအတွက် လမ်းလျှောက်ဆန္ဒပြပွဲကို နယူးယောက်မြို့မှာ မနက်ဖြန် ၁၇ရက် နယူးယောက် စံတော်ချိန် နေ့လည် ၁နာရီမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတစ်ဝန်းရှိ မြန်မာလူမျိုးတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး စုရုံးဆန္ဒပြပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့အတွက် Mizzima အဖွဲ့သားများက ပွဲကျင်းပမဲ့ နယူးယောက်မြို့ကို ရောက်ရှိနေပြီးဖြစ်ပြီးတော့ Mizzima platform များမှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။

အမေရိကန်စံတော်ချိန် နေ့လယ် ၁ နာရီမှ ညနေ ၅နာရီခွဲထိ ပြုလုပ်မဲ့ UN Credentials Challenge ကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးတော့ တိုက်ရိုက်(Live) မကြည့်ရှုလိုက်ရတဲ့ ပရိသတ်များအနေဖြင့်လည်း Mizzima News In Burmese Facebook, MizzimaTV Youtube channel တို့မှာ ပြန်လည်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s